Monday, November 7, 2016

Wiener-Dog (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/dYqUMu

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Wiener-Dog"ပါ။

မင်္ဂလာပါ ပရိသတ်ကြီးခင်ဗျ၊ မိသားစုလိုက်အမောပြေ အပန်းဖြေကြည့်ရှုနိုင်မယ့်အပြင် ခွေးကလေးတွေ ကို ချစ်ခင်ယုယတတ်တဲ့ Movie fans တွေအတွက်ပါ ဖြည့်ဆည်းပေးနိုင်ဖို့.. Wiener-dog ဆိုတဲ့ 2016 film လေးတစ်ခုကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
အပြစ်ကင်းတဲ့ အရပ်ပုပု အလျားရှည်ရှည် weiner ခွေးကလေးတစ်ကောင်ရဲ့ ဘဝဖြစ်စဉ် ကံကြမ္မာကို ရှုထောင့်တစ်မျိုးကနေ ရိုက်ကူးထားတဲ့ weiner dog movie မှာ.. ကျွန်တော်တို့ လူသားတွေအတွက် အကောင်းဆုံးအဖေါ်မွန်တွေထဲမှာ အိမ်မွေးတိရစ္ဆာန်ခွေးကလေးတွေလဲ အပါအဝင်ဖြစ်ကြောင်း၊ သာယာချမ်းမြေ့တဲ့ မိသားစုတစ်စုကို တည်ဆောက်တဲ့အခါမှာ.. ခွေးကလေးတွေဟာလဲ တစိတ်တဒေသ သက်ဆိုင်ကြောင်း... စတာတွေကို Message တစ်ခုအနေနဲ့ ထည့်သွင်းထားတာကို ရှုစားကြရမှာဖြစ်ပါတယ်။ Animal Shelter တွေကို လည်ပါတ်ခဲ့ဖူးတဲ့ Movie fans များအနေနဲ့ကတော့ ဒီ weiner dog ကို ကြည့်ရင်း.. နောက်တစ်ခါက် ထပ်သွားပြီး ခွေးကလေးတွေ မွေးစားဥိးမှပဲ ဆိုတဲ့ စိတ်ကူးတွေပေါ်လာမှာ အသေအချာပါပဲ။
အိမ်မွေးတိရိစ္ဆာန် ခွေးကလေးတွေနဲ့ သူတို့ သံယောဇဉ်ရှိရတဲ့ သခင်တွေမှာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းတွဲလျက်ရှိနေတတ်တဲ့အကြောငး်ကို movie ထဲက weiner ခွေးကလေးရဲ့ အပြုအမူတွေနဲ့ director ရဲ့ ရိုက်ချက်တွေကတဆင့် တွေ့မြင်နိုင်မှာဖြစ်သလို.. ခွေးကလေးရဲ့ ကံကြမ္မာအလှည့်အပြောငး်ကြောင့် ..  ပိုင်ရှင်တွေ အဆင့်ဆင့်ပြောင်းလဲခဲ့ရတဲ့နောက်..  စကားမပြောတတ်တဲ့ ခွေးကလေးတစ်ကောင်ရဲ့ အတွင်းစိတ်မှာ.. ဘယ်လိုခံစားချက်မျိုးတွေ ကိန်းအောင်းနေနိုင်မလဲဆိုတာ.  ပရိသတ်ကြီးအဖြေရှာ ချိန်ညှိနိုင်ကြပါစေခင်ဗျာ... ။ Rating 5.9 နဲ့... လှပပြေပြစ်တဲ့ Comedy drama movie တစ်ခုဖြစ်တဲ့အတွက်ကြောင့် အနားယူချိန်လေးမှာ ဦးနှောက်ဆေး အပန်းဖြေဖို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်ခင်ဗျ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။