Download Link=https://goo.gl/MECvpG
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Pink"ပါ။
မင်္ဂလာပါ၊ 2016 ဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာပြီ ဖြစ်သလို ဆန်ကာတင်စာရင်းဝင်မယ့် ရုပ်ရှင်တွေကလဲ အပြိုင်အဆိုင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ up-to-date တွေ မပြတ်ရှာဖွေတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Admin ကလေး Bro Hein Min Htet မှ အပျံစား Bollywood movie လေးတစ်ခုကို ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါပြီခင်ဗျ။ အဓိပ္ပါယ်ပြည့်ဝတဲ့ Movie တစ်ခု ဖြစ်တဲ့အတွက်ကြောင့်.
ရုပ်ရှင်တစ်ကားရဲ့ အနှစ်သာရကို ပိုမိုတန်ဖိုးထားကြည့်ရှုလိုသူများအတွက်တော့.. ကျေနပ်အားရစရာ ရှုစားကြရမှာဖြစ်ပါတယ်။
ရုပ်ရှင်ဇါတ်ကားတစ်ခုလုံးကို ခြုံငုံသုံးသပ်ရရင် Director ရဲ့ ဇါတ်ကားအပေါ်မှာ အာရုံစိုက်ကြိုးပမ်းမှု အတော်လေးကို ထင်သာမြင်သာ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကို မူလ ပင်မ ဇါတ်လမ်းကျောရိုးပေါ်ကနေ သွေဖည်ခြင်းမရှိစေရဘဲ.. မလိုအပ်တဲ့ ပြကွက် ရိုက်ချက်တွေ ထည့်သွင်းထားခြင်းမရှိတာကိုက ဒီ ရုပ်ရှင်ရဲ့ ထူးခြားချက်တစ်ခုလို့ ဆိုရမှာအမှန်ပါပဲ။ Pink မှာ မင်းသားကြီး Amitabh-Bachchan အနေနဲ့ သူ့ရဲ့ အနုပညာစွမ်းရည်ကို သမာသမတ်ကျတဲ့ ရှေ့နေတစ်ယောက်အသွင်နဲ့... အကောင်းဆုံးထုတ်ဖေါ်ပြသနိုင်ခဲ့ပါတယ်။ မျက်နှာအမူအရာ၊ စကားလုံး တိကျပြတ်သားမှုတွေနဲ့ .. မှတ်သားလောက်စရာ Diaogue အတော်များများကို ချက်ကျလက်ကျ ရွတ်ပြသွားနိုင်တာတွေကိုကြည့်ခြင်းအားဖြင့် bollywood ရဲ့ ငွေကြယ်ဖြူတစ်ပွင့် ဟာ ခုထိ အရောင်အဆင်းတောက်ပနေဆဲ လို့ သက်သေပြနေသယောင်ယောင်ပါပဲ။ ကျွန်တော်တို့ ခုလက်ရှိခေတ်အနေအထားနဲ့ လိုက်လျောညီထွေစွာပဲ ရေပေါ်ဆီလူ့အတန်းအစားအချို့ရဲ့ စရိုက်တွေ၊ မင်းစိုးရာဇာတွေနဲ့ ပလဲနံပသင့်အောင်ပေါငး်ပြီးအခွင့်အရေးကို အမိအရဆုပ်ကိုင်တတ်သူတွေ နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ စိတ်နေသဘောထား စရိုက်လေးတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ခင်းကျင်းထားတဲ့ ဇါတ်ညွှန်းကြောင့်လဲ ရုပ်ရှင်ဟာ ပိုပိုပြီး ကြွတက်လာပါတယ်။ မှောင်မိုက်တဲ့ ညကာလ အချိန်မှာ.. အမျိုးသမီးငယ်သုံးယောက်ဟာ... ဆိုးသွမ်းလူငယ်တစ်စုရဲ့.. အနိုင်ကျင့်စော်ကားခြင်းကို ခံခဲ့ရတဲ့နောက်.... သူမတို့အတွက် တရားမျှတမှု ဥပဒေဟာ အခြေယိုင်နဲ့စရာတွေဖြစ်လာခဲ့ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတာကတော့ အဲဒီ ဆိုးသွမ်းလူငယ်တစ်စုဟာ . နှယ်နှယ်ရရ မဟုတ်ဘဲ သူတို့ရဲ့.. ကျောထောက်နောက်ခံမိဘများဟာ.. အာဏာပိုင်တွေကို ခါးပိုက်ထောင်ထဲထည့်ထားနိုင်တဲ့... အတန်းအစား တွေ ဖြစ်တဲ့အပြင် တရားခွင်မှာ... သူခိုးက လူပြန်ဟစ်သလို မတရားတင်းဆိုလာတဲ့အကြောငး်ရင်းတွေကြောင့်ပါပဲ။ Deepak ဟာ.. အပြစ်မဲ့ အမျိုးသမီးငယ်လေး သုံးယောက်ရဲ့ မတရားမှုပပျောက်ဖို့ နဲ့ တရားမျှတဖို့အတွက်. အဆိုပါ အသိုင်းအဝိုင်းကို ဆန့်ကျင်ချေပကာကွယ်ပေးရမယ့်... ရှေ့နေတစ်ယောက်အဖြစ်နဲ့ တရားရုံးလေကထဲကို တကျော့ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ တရားခွင်မှာ အဖက်ဖက်က အားသာနေတဲ့ လူချမ်းသာတွေကို ထိပ်တိုက်ရင်ဆိုင်ရမယ့် Deepak အတွက် ဘယ်လို အချက်အလက်တွေ သက်သေသာဓက တွေ၊ လျှောက်လဲချက်တွေ ဖြစ်ပေါ်လာမလဲဆိုတာ... Pink ရဲ့ အမြင့်မားဆုံး ဇါတ်ရှိန်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဇါတ်ဝင်ခန်းတွေက.. ပရိသတ်ကြီးကို အဖြေဖေါ်ထုတ်ပြသသွားမှာဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေရဲ့ လုံခြုံရေး၊ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် တန်းတူအခွင့်အရေးတွေကို ပညာသားပါပါ ထည့်သွင်းထားတဲ့ ဒီ Movie ကို မှတ်မှတ်ရရ Internation Women day မှာ စတင် အခြေတည်ရိုက်ကူးခဲ့တယ်ဆိုတာကလဲ... ဒီဇါတ်ကားရဲ့ အမှတ်တရဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဆိုတာ အသိပေးပြောကြားရင်း... ပရိသတ်ကြီး ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။