Saturday, November 5, 2016

Summer Wars (2009) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/yHQNGb

ရုပ်ရှင် အစ/အဆုံး



အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Summer Wars"ပါ။

Summer wars ဆိုတဲ့ anime ဟာ နိုင်ငံတကာမှာ အထူးထင်ရှားတဲ့ နာမည်ကြီး ဒါရိုက်တာ Hosoda Mamoru ရိုက်ကူးခဲ့တဲ့ Rating မြင့် ကာတွန်းတစ်ကားဖြစ်ပါတယ်.. ဂျပန်ကာတွန်းကားတွေရဲ့ ထုံးစံအတိုင်း ရင့်ကျက်တဲ့ဇာတ်အိမ်နဲ့အတူ မိသားစုသံယောဇဉ်.. ချစ်ခြင်းမေတ္တာ.. စည်းလုံးမှု.. မလျှော့သောဇွဲနဲ့အတူ မထင်မှတ်တဲ့အပြောင်းအလဲတွေနဲ့ တော်တော်လေးနာမည်ကြီးခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်..ဇာတ်လမ်းကတော့ OZ ဆိုတဲ့ တစ်ကမ္ဘာလုံးက ဖုန်း/ကွန်ပျူတာတွေ အင်တာနက်ကတဆင့် ချိတ်ဆက်ကစားနိုင်တဲ့ Digital World ကနေ အစပြုခဲ့ပါတယ်.. လူတိုင်းမှာ ကိုယ်ပိုင်အချက်အလက်နဲ့ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ကောင်ဆီပိုင်ဆိုင်ပြီး shopping ထွက်တာ စီးပွားရေးလုပ်ငန်းတွေ အုပ်ချုပ်သူအစိုးရပိုင်းတွေ ရေပိုက်လိုင်း လျှပ်စစ်စနစ်ကအစ အပြင်လောကနဲ့ထပ်တူ လှုပ်ရှားကစားနိုင်တဲ့ virtual world game တစ်ခုလဲဖြစ်ပါတယ်..ခဲန်းဂျိလို့ခေါ်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဟာ သချင်္ာအိုလံပစ်မှာ ဂျပန်နိုင်ငံကိုယ်စားပြုအဖြစ်က လွဲချော်ခဲ့လို့ စိတ်မကောင်းဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ပါ.. တစ်ရက် သူ့စီနီယာမမက အဖွားမွေးနေ့မှာ သူ့ရည်းစားအဖြစ်နဲ့ သရုပ်ဆောင်ပေးဖို့ မွေးရပ်မြေကို ခေါ်သွားပါတယ်.. ဟိုရောက်တော့ အမေရိကမှာပညာသင်ခဲ့တဲ့ တိုကျိုတက္ကသိုလ်ကျောင်းသားအဖြစ်နဲ့ မိသားစုတစ်ခုလုံးနဲ့ မိတ်ဆက်ပေးတာပေါ့..တစ်ညခဲန်းဂျိဖုန်းကို ရှုပ်ထွေးရှည်လျားတဲ့ သင်္ချာဂဏန်းတွေ message ဝင်လာတယ်.. သင်္ခ်ျာမှာ ရူးသွပ်ထူးချွန်တဲ့ ခဲန်းဂျိက ဒါကို သင်္ချာပုစ္ဆာတစ်ခုလို့ထင်မှတ်ပြီး ဖြေရှင်းပစ်လိုက်တယ်.. သူမသိခဲ့တာက ဒါဟာ OZ ရဲ့ အတွင်းပိုင်းထိန်းချုပ်မှုတွေထဲ ထိုးဖောက်ဝင်ရောက်နိုင်မယ့် password ဖြစ်နေတဲ့အချက်ပါပဲ.. သိပ်မကြာပါဘူး.. သတင်းတွေမှာ သူ့ဓာတ်ပုံ သူ့နာမည်နဲ့တကွ OZ ထဲ ဝင်ရောက်ခဲ့တဲ့ တရားခံအဖြစ် ကြေငြာခံရပါတော့တယ်.. စီနီယာမမရဲ့ မိသားစုတွေ ရှေ့မှာလဲ အလိမ်အညာတွေပေါ်တဲ့အပြင် တရားခံဖြစ်သွားခဲ့လို့ အရှက်တွေလဲကွဲပါလေရော..အဲဒီအချိန် OZ ထဲက အချက်အလက်တွေကို အသုံးချပြီး အပြင်လုပ်ငန်းတွေ ထိန်းချုပ်ခံရလို့ တကမ္ဘာလုံး ကမောက်ကမတွေဖြစ်နေပါပြီ.. မီးပွိုင့်တွေ .. ရထားတွေ.. ရေမီးစနစ်တွေ.. GPS တွေကအစ ထိန်းချုပ်ခံထားရတဲ့ အခြေအနေပါ..ပြန်လည်ထိန်းချုပ်နိုင်ဖို့ အဖြေရှာနေဆဲမှာ OZ ထဲက US သမ္မတရဲ့ အချက်အလက်တွေနဲ့ အနုမြူဗုံးတွေကိုပါ ဖောက်ခွဲပစ်နိုင်မှန်း သိလိုက်ရတဲ့အခါမှာတော့……OZ ကို ထိန်းချုပ်ထားတာ ဘယ်သူလဲ.. ဘာရည်ရွယ်ချက်နဲ့လဲ.. ခဲန်းဂျိက တကယ့်တရားခံလား.. တကယ်ပဲ အနုမြူဗုံးတွေပေါက်ကွဲပြီး ကမ္ဘာကြီးပျက်စီးတော့မှာလားဆိုတာကို တစ်ရစ်ပြီးတစ်ရစ်တက်လာတဲ့ ဇာတ်ရှိန်နဲ့အတူ စောင့်ကြည့်ခံစားချင်တယ်ဆိုရင်တော့..

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။