Monday, October 31, 2016

47 Ronin (2013) ( ျမန္မာစာတန္းထိုး)


Download Link=https://goo.gl/IQS4tq


ရုပ္ရွင္ အစ/အဆံုး


#ZawGyi

အခုတင္ေပးလုိက္တ့ဲဇာတ္ကားေလးကေတာ့"47 Ronin"ပါ။

47 Ronin ဟာ ဇာတ္လမ္းဇာတ္အိမ္က ရုိးရွင္းေပမယ့္ 
ေနာက္ခံ အေၾကာင္းအရာေတြက  စိတ္၀င္စားဖြယ္ရာပါ ..
ဒီဇာတ္လမ္းဟာ ၁၈ ရာစုဂ်ပန္ျပည္မွာ ျဖစ္ခဲ့တဲ့ ဒ႑ာရီပမာအျဖစ္အပ်က္ ကုိ ရုပ္ရွင္အျဖစ္
ျပန္လည္အသက္သြင္းထားတဲ့ ဇာတ္လမ္းပဲ ျဖစ္ပါတယ္ .. 
.
ဆာမူရုိင္း ဆုိတာ အရွင္သခင္တစ္ဦး လက္ေအာက္က အမႈထမ္းဓားသမား ေတြကုိ ေခၚၾကျခင္းျဖစ္ပါတယ္ ..
အဲ့လုိ အရွင္သခင္ မရွိေတာ့တဲ့ ဆာမူရုိင္းဓားသမားေတြကုိ ရုိနင္(Ronin-将軍) လုိ႔ေခၚဆုိၾကပါတယ္ ..
ဒီေနရာမွာ ဆာမူရုိင္းေတြရဲ႕  စံခ်ိန္တင္ေလာက္စရာ သစၥာတရား နဲ႔ ဂုဏ္သိကၡာက ..
တကယ္လုိ႔ အဲ့ဒီအရွင္သခင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြယ္လြန္သြားခဲ့ရင္ 
အဲ့ဒီအရွင္သခင္လက္ေအာက္က ဆာမူရုိင္း ေတြဟာ တျခားအရွင္သခင္ဆီ မေျပာင္းလဲတတ္ၾကဘဲ 
ရုိနင္ အျဖစ္ခံယူလုိက္ၾကပါတယ္  .. 
.
ဒါက ဇာတ္လမ္းရဲ႕ ေနာက္ခံ အေၾကာင္းအရာတခ်ိဳ႕ပါ ..
.
ဇာတ္လမ္းအက်ဥ္း ကေတာ့ ေျပာခဲ့ျပီးတဲ့အတုိင္း တကယ္ရုိးရွင္းပါတယ္ ..။
.
အရွင္သခင္ျဖစ္သူ ရဲ႔ မေတာ္မတရား လုပ္ၾကံခံရျပီး ေသဆံုးခဲ့ရတဲ့ အျဖစ္ကုိ 
လက္စားေခ်ဖုိ႔ ၾကိဳးစားၾကတဲ့ ဆာမူရုိင္းေဟာင္းေတြအေၾကာင္းကုိ 
နွစ္လုိဖြယ္ျဖစ္ေအာင္ ရုိက္ကူးတင္ဆက္ထားျခင္းပါပဲ ..။
.
ဂ်ပန္ျပည္ရဲ႕ ရုိးရာဒ႑ာရီ ရုိနင္ ၄၇ ေယာက္ အေၾကာင္းကုိ ရုိက္ကူးပံုေဖာ္ခဲ့တာ 
ဒါ ပထမဆံုးေတာ့ မဟုတ္ပါဘူး .. 
47 Ronin (1941) .. The Loyal 47 Ronin (1958) .. 47 Samurai (1962) ..
Ako-jo Danzetsu (1978) .. 47 Ronin (1994) .. နဲ႔ .. Sligo no Chushingura (2010) ဆုိျပီး 
အေရွမွာ ေျခာက္ကား တိတိထြက္ခဲ့ျပီးျဖစ္ပါတယ္ .. 
ဒါေပမယ့္ အခု 47 Ronin က ေတာ့ ေဟာ္လီး၀ုဒ္ က ရုိက္ကူးပံုေဖာ္တဲ့ ပထမဆံုး ဇာတ္အိမ္ပါ ..

ဒီဇာတ္ကား ဟာ ေ၀ဖန္သူေတြအတြက္ သိပ္အၾကိဳက္မေတြ႕ခဲ့ဘူးဆုိေပမယ့္ 
သရုပ္ေဆာင္ေတြရဲ႕ အေပးအယူအခ်ိတ္အဆက္ ညီမွ်မႈ .. 
ဂ်ပန္ရုိုးရာ ယဥ္ေက်းမႈ အစဥ္အလာေတြ
ဂ်ပန္လူမ်ိဳးတုိ႔ရဲ႕ သစၥာတရား နဲ႔ ေစာင့္သိမႈ တုိ႔အျပင္ .. 
ေကာင္းမြန္ထူးျခားတဲ့ Visual Effect ေတြေၾကာင့္
ၾကည့္ရွဴခံစားသင့္တဲ့ ဇာတ္လမ္းတစ္ခုျဖစ္ေၾကာင္း လက္တုိ႔လုိက္ရပါတယ္ခင္ဗ်ာ ..

စာတန္းထုိး ဘာသာျပန္ Original Uploader Gold Channel အားေလးစားလ်က္။

...........................................................................

#Unicode

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"47 Ronin"ပါ။

47 Ronin ဟာ ဇာတ်လမ်းဇာတ်အိမ်က ရိုးရှင်းပေမယ့် 
နောက်ခံ အကြောင်းအရာတွေက  စိတ်ဝင်စားဖွယ်ရာပါ ..
ဒီဇာတ်လမ်းဟာ ၁၈ ရာစုဂျပန်ပြည်မှာ ဖြစ်ခဲ့တဲ့ ဒဏ္ဍာရီပမာအဖြစ်အပျက် ကို ရုပ်ရှင်အဖြစ်
ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ် .. 
.
ဆာမူရိုင်း ဆိုတာ အရှင်သခင်တစ်ဦး လက်အောက်က အမှုထမ်းဓားသမား တွေကို ခေါ်ကြခြင်းဖြစ်ပါတယ် ..
အဲ့လို အရှင်သခင် မရှိတော့တဲ့ ဆာမူရိုင်းဓားသမားတွေကို ရိုနင်(Ronin-将軍) လို့ခေါ်ဆိုကြပါတယ် ..
ဒီနေရာမှာ ဆာမူရိုင်းတွေရဲ့  စံချိန်တင်လောက်စရာ သစ္စာတရား နဲ့ ဂုဏ်သိက္ခာက ..
တကယ်လို့ အဲ့ဒီအရှင်သခင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားခဲ့ရင် 
အဲ့ဒီအရှင်သခင်လက်အောက်က ဆာမူရိုင်း တွေဟာ တခြားအရှင်သခင်ဆီ မပြောင်းလဲတတ်ကြဘဲ 
ရိုနင် အဖြစ်ခံယူလိုက်ကြပါတယ်  .. 
.
ဒါက ဇာတ်လမ်းရဲ့ နောက်ခံ အကြောင်းအရာတချို့ပါ ..
.
ဇာတ်လမ်းအကျဉ်း ကတော့ ပြောခဲ့ပြီးတဲ့အတိုင်း တကယ်ရိုးရှင်းပါတယ် ..။
.
အရှင်သခင်ဖြစ်သူ ရဲ့ မတော်မတရား လုပ်ကြံခံရပြီး သေဆုံးခဲ့ရတဲ့ အဖြစ်ကို 
လက်စားချေဖို့ ကြိုးစားကြတဲ့ ဆာမူရိုင်းဟောင်းတွေအကြောင်းကို 
နှစ်လိုဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားခြင်းပါပဲ ..။
.
ဂျပန်ပြည်ရဲ့ ရိုးရာဒဏ္ဍာရီ ရိုနင် ၄၇ ယောက် အကြောင်းကို ရိုက်ကူးပုံဖော်ခဲ့တာ 
ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး .. 
47 Ronin (1941) .. The Loyal 47 Ronin (1958) .. 47 Samurai (1962) ..
Ako-jo Danzetsu (1978) .. 47 Ronin (1994) .. နဲ့ .. Sligo no Chushingura (2010) ဆိုပြီး 
အရှေမှာ ခြောက်ကား တိတိထွက်ခဲ့ပြီးဖြစ်ပါတယ် .. 
ဒါပေမယ့် အခု 47 Ronin က တော့ ဟော်လီးဝုဒ် က ရိုက်ကူးပုံဖော်တဲ့ ပထမဆုံး ဇာတ်အိမ်ပါ ..

ဒီဇာတ်ကား ဟာ ဝေဖန်သူတွေအတွက် သိပ်အကြိုက်မတွေ့ခဲ့ဘူးဆိုပေမယ့် 
သရုပ်ဆောင်တွေရဲ့ အပေးအယူအချိတ်အဆက် ညီမျှမှု .. 
ဂျပန်ရိုုးရာ ယဉ်ကျေးမှု အစဉ်အလာတွေ
ဂျပန်လူမျိုးတို့ရဲ့ သစ္စာတရား နဲ့ စောင့်သိမှု တို့အပြင် .. 
ကောင်းမွန်ထူးခြားတဲ့ Visual Effect တွေကြောင့်
ကြည့်ရှူခံစားသင့်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်ခင်ဗျာ ..

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။