Friday, October 28, 2016

Hot Young Blood


Download Link = https://goo.gl/Q7VghZ


အခုတင္ေပးလုိက္တ့ဲဇာတ္ကားေလးကေတာ့"Hot Young Blood"ပါ။

မဂၤလာပါ၊ Korean Movie ပရိသတ္ႀကီးအတြက္ ၾကည့္လို႔လဲေကာငး္ ရသေလးလဲ ေျမာက္သြားရေအာင္.. အေသအခ်ာေရြးခ်ယ္ထားတဲ့ ဇါတ္ကားကေတာ့  2014 ႏွစ္ဦးပိုင္းမွာ ထြက္ရွိခဲ့တဲ့ Hot Young Blood အမည္ရ ဇါတ္လမ္းေကာငး္ေလး တစ္ပုဒ္ ျဖစ္ပါတယ္။ ပါ၀င္သူ မင္းသား Lee Jong-suk နဲ႔ မင္းသမီး Park bo-young တို႔ဟာ ဒီဇါတ္ကားနဲ႔  The Most Populat actor နဲ႔ actress ဆုကို လ်ာထားျခင္းခံခဲ့ရပါတယ္။ အျခားတစ္ဖက္မွာ Movie Soundtrack ေတြ ႏွစ္သက္သေဘာက်တဲ့သူေတြအတြက္... ဒီဇါတ္ကားေလးထဲက Park bo-young ရဲ႕ youth သီခ်င္းေလးကို နားစြဲသြားၾကမွာ မလြဲပါဘူး။

၁၉၈၀ အလြန္ ႏွစ္မ်ားကို အေျခခံၿပီး ရိုက္ကူးထားတဲ့အတြက္..  အဲ့ဒီအခ်ိန္ကာလ၀န္းက်င္က ၀တ္စားဆင္ယင္မႈ၊ လူေတြရဲ႕ သြားလာေနထိုင္မႈ စရိုက္ေတြကို အေသအခ်ာ ျပင္ဆင္ၿပီးမွ စနစ္တက် ရိုက္ကူးထားတာ ကိုေတြ႕ရွိရပါတယ္။  တဆက္တည္းမွာပဲ ဆယ္ေက်ာ္သက္အရြယ္လူငယ္ေလးေတြရဲ႕..  ပကတိအရိုးခံ စိတ္နဲ႔ လုပ္ခ်င္ရာလုပ္တတ္ၾကတဲ့ စရိုက္ကေလး ေတြကို Bully ဆန္ဆန္သေဘာမ်ိဳး မဟုတ္ဘဲ.. ၾကည့္ရႈသူ ရဲ႕ အျမင္မွာ.. ကရုဏာသက္နားလည္လြယ္ေအာင္ ရိုက္ကူးတင္ျပတတ္တာ. တစ္ခုက Korea ေတြရဲ႕ အကၽြမ္းက်င္ဆုံးအလုပ္လို႔ ဆိုရမွာပါပဲခင္ဗ်။ 

Young Sook (Park bo-young) ဟာ နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕က ခပ္ဆိုးဆိုး ေက်ာင္းသူေလးတစ္ေယာက္ျဖစ္ပါတယ္။ အုပ္စုဖြဲ႕ေနထိုင္တတ္ၿပီး အၿမဲလိုလို သူမက ေခါင္းေဆာင္ေနရာက ဦးေဆာင္ပါ၀င္ေလ့ရွိတာေၾကာင့္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတယ္လို႔ ဆိုနိုင္ပါတယ္။ သူမရဲ႕ အႀကီးမားဆုံး လွ်ိဳ႕၀ွက္ခ်က္ကေတာ့..
အတန္းထဲက လူေပၚေၾကာ႔ ေလးတ္စေယာက္ကို အႀကီးအက်ယ္ ေၾကြဆင္းေနျခင္းပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ျခားက ေျပာငး္လာတဲ့.. ေက်ာင္းသူေလး တစ္ေယာက္ ေရာက္ရွိလာတဲ့အခါမွာေတာ့  သူမရဲ႕ စိတ္ကူးယဥ္မငး္သားကေလးဟာ.. အဲ့ဒီေက်ာင္းသူေလး အေပၚမွာ စိတ္အာရုံတိမ္းညြတ္ေနတာကို ၀မ္းနည္းစရာ သိရွိခဲ့ရၿပီးတဲ့ေနာက္မွာ.. သုံးပြင့္ဆိုင္ လူငယ္ အခ်စ္ဇါတ္လမ္းကေလး တစ္ပုဒ္ ေမြးဖြားလာပါေတာ့တယ္ခင္ဗ်။ Comedy နဲ႔ drama ကို အခ်ိဳးက်က် ေပါင္းစပ္ထားတဲ့ လူငယ္တို႔ရဲ႕ အခ်စ္ေရးအခ်စ္ရာ ဇါတ္လမ္းတစ္ပုဒ္ျဖစ္တဲ့အတြက္ေၾကင့္...  Melodrama ေတြ ႀကိဳက္တတ္တယ္ဆိုရင္..  စြဲမက္စရာ Movie ေလးတစ္ခု ျဖစ္ပါေၾကာင္းခင္ဗ်ာ။


စာတန္းထုိး ဘာသာျပန္ Original Uploader ေတြအားေလးစားလ်က္။

...........................................................................

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Hot Young Blood"ပါ။

မင်္ဂလာပါ၊ Korean Movie ပရိသတ်ကြီးအတွက် ကြည့်လို့လဲကောငး် ရသလေးလဲ မြောက်သွားရအောင်.. အသေအချာရွေးချယ်ထားတဲ့ ဇါတ်ကားကတော့  2014 နှစ်ဦးပိုင်းမှာ ထွက်ရှိခဲ့တဲ့ Hot Young Blood အမည်ရ ဇါတ်လမ်းကောငး်လေး တစ်ပုဒ် ဖြစ်ပါတယ်။ ပါ၀င်သူ မင်းသား Lee Jong-suk နဲ့ မင်းသမီး Park bo-young တို့ဟာ ဒီဇါတ်ကားနဲ့  The Most Populat actor နဲ့ actress ဆုကို လျာထားခြင်းခံခဲ့ရပါတယ်။ အခြားတစ်ဖက်မှာ Movie Soundtrack တွေ နှစ်သက်သဘောကျတဲ့သူတွေအတွက်... ဒီဇါတ်ကားလေးထဲက Park bo-young ရဲ့ youth သီချင်းလေးကို နားစွဲသွားကြမှာ မလွဲပါဘူး။

၁၉၈၀ အလွန် နှစ်များကို အခြေခံပြီး ရိုက်ကူးထားတဲ့အတွက်..  အဲ့ဒီအချိန်ကာလဝန်းကျင်က ၀တ်စားဆင်ယင်မှု၊ လူတွေရဲ့ သွားလာနေထိုင်မှု စရိုက်တွေကို အသေအချာ ပြင်ဆင်ပြီးမှ စနစ်တကျ ရိုက်ကူးထားတာ ကိုတွေ့ရှိရပါတယ်။  တဆက်တည်းမှာပဲ ဆယ်ကျော်သက်အရွယ်လူငယ်လေးတွေရဲ့..  ပကတိအရိုးခံ စိတ်နဲ့ လုပ်ချင်ရာလုပ်တတ်ကြတဲ့ စရိုက်ကလေး တွေကို Bully ဆန်ဆန်သဘောမျိုး မဟုတ်ဘဲ.. ကြည့်ရှုသူ ရဲ့ အမြင်မှာ.. ကရုဏာသက်နားလည်လွယ်အောင် ရိုက်ကူးတင်ပြတတ်တာ. တစ်ခုက Korea တွေရဲ့ အကျွမ်းကျင်ဆုံးအလုပ်လို့ ဆိုရမှာပါပဲခင်ဗျ။ 

Young Sook (Park bo-young) ဟာ နယ်မြို့လေးတစ်မြို့က ခပ်ဆိုးဆိုး ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ အုပ်စုဖွဲ့နေထိုင်တတ်ပြီး အမြဲလိုလို သူမက ခေါင်းဆောင်နေရာက ဦးဆောင်ပါ၀င်လေ့ရှိတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ ဆိုနိုင်ပါတယ်။ သူမရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကတော့..
အတန်းထဲက လူပေါ်ကြော့ လေးတ်စယောက်ကို အကြီးအကျယ် ကြွေဆင်းနေခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခြားက ပြောငး်လာတဲ့.. ကျောင်းသူလေး တစ်ယောက် ရောက်ရှိလာတဲ့အခါမှာတော့  သူမရဲ့ စိတ်ကူးယဉ်မငး်သားကလေးဟာ.. အဲ့ဒီကျောင်းသူလေး အပေါ်မှာ စိတ်အာရုံတိမ်းညွတ်နေတာကို ၀မ်းနည်းစရာ သိရှိခဲ့ရပြီးတဲ့နောက်မှာ.. သုံးပွင့်ဆိုင် လူငယ် အချစ်ဇါတ်လမ်းကလေး တစ်ပုဒ် မွေးဖွားလာပါတော့တယ်ခင်ဗျ။ Comedy နဲ့ drama ကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ လူငယ်တို့ရဲ့ အချစ်ရေးအချစ်ရာ ဇါတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြေင့်...  Melodrama တွေ ကြိုက်တတ်တယ်ဆိုရင်..  စွဲမက်စရာ Movie လေးတစ်ခု ဖြစ်ပါကြောင်းခင်ဗျာ။


စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။