Monday, October 31, 2016

Ruby Sparks (2012) (ျမန္မာစာတန္းထုိး)


Download Link=https://goo.gl/XiiCuQ


ရုပ္ရွင္ အစ/အဆံုး


#ZawGyi

အခုတင္ေပးလုိက္တ့ဲဇာတ္ကားေလးကေတာ့"Ruby Sparks"ပါ။

အကယ္၍ က်ေနာ္တုိ႔ တပါးသူတစ္စုံတစ္ေယာက္ကုိ ကိုယ္႔စိတ္တုိင္းက် ဖန္ဆင္းပုံေဖာ္လုိ႔ရတဲ႔ အေျခအေနတစ္ခုကုိ ေရာက္သြားၾကၿပီ ဆုိပါစုိ႔ဗ်။
အဲဒီ ဖန္ဆင္းခံရမယ္႔သူက ကိုယ္႔ရဲ႕ အရမ္းခ်စ္ရတဲ႔ ခ်စ္သူတစ္ေယာက္ဆုိရင္ေရာ….သူ႕ကုိ ဘာေတြ ဘယ္လုိ စိတ္ကူးယဥ္ၿပီး ပုံေဖာ္မလဲ ။
ေတာ္ေတာ္ေလးကုိစိတ္၀င္စားဖုိ႔ ေကာင္းမွာပါ ။ သူ႕ကုိ ကိုယ္လိုသလုိ ဖန္ဆင္းႏိုင္မယ္ ေတာ္ေတာ္ေပ်ာ္စရာေကာင္းမယ္လုိ႔ ထင္မိပါတယ္။
ဥပမာ အေနနဲ႔ ကိုယ္ဖန္ဆင္းလိုက္တဲ႔ ခ်စ္သူတစ္ေယာက္ကုိ …အၾကာႀကီးစိတ္မေကာက္ရ တုိ႔၊ မၾကာခဏ သတိရေပးပါ တုိ႔ ၊ အၾကင္နာေတြအမ်ားႀကီး ေျခြေပးပါတုိ႔ …. စသျဖင္႔ ထည္႔ေပးလိုက္မယ္ဆိုရင္
Very Romantic ေပါ႔ ^_^ ။ ဟုတ္ကဲ႔ ။ အဲဒီလုိ အေျခအေနကုိ စိတ္ကူးယဥ္ၿပီး ရိုက္ကူးထားတဲ႔ ဇာတ္ကားေလးတစ္ကားရိွပါတယ္ ။
ဇာတ္ကားရဲ႕ နာမည္ကေတာ႔ Ruby Sparks ပဲ ျဖစ္ပါတယ္ ။ဇာတ္လမ္းေလးကေတာ႔ –
ကယ္ဗင္ဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေအာင္ျမင္ေနတဲ႔ စာေရးဆရာတစ္ေယာက္ပါ ။ သူ ေရးတဲ႔ ၀တၳဳေတြက အင္မတန္လူႀကိဳက္မ်ားပါတယ္။
ဒါေပမယ္႔ သူဟာ စာေရးဆရာတစ္ေယာက္ပီပီ အင္မတန္စိတ္ကူးယဥ္တတ္ပါတယ္။ တစ္ေယာက္တည္းလည္း တစ္ေယာက္တည္းသမား။ ဇီဇာလည္း အေတာ္ေၾကာင္တဲ႔လူတစ္ေယာက္ပါ။
ေနာက္ၿပီး သူဟာ Romantic ဆန္သူတစ္ေယာက္။
သူဟာ Romantic ဆန္ေပမယ္႔လည္း သူ႔မွာ ခ်စ္သူ တစ္ေယာက္မွ မရိွပါဘူး ။ သူဟာ သူ႔စိတ္ကူးနဲ႔ပဲ ခ်စ္သူတစ္ေယာက္ကုိ ပုံေဖာ္ၿပီး သူ႕ ၀တၳဳထဲမွာ ထည္႔ေရးပါတယ္။
အဲဒီမွာ ျပႆနာစတတ္ေတာ႔တာပါပဲ။ အဲဒါကေတာ႔ – ကယ္ဗင္ဟာ အိပ္မက္လုိလုိ အျပင္မွာျဖစ္ေနသလုိလို အျဖစ္နဲ႔ၾကံဳေတြ႕ေတာ႔တာပါပဲ။ အဲဒါက ဘာလဲဆုိေတာ႔ ။
ေကာင္မေလးတစ္ေယာက္ဟာ သူ႕အိမ္ထဲမွာ ေရာက္ေနတယ္။ သူ ေဘးနားမွာ ေရာက္ေနတယ္လုိ႔ ခဏ ခဏ သူ ေတြ႕လာခဲ႔ရပါတယ္။
နဂိုကမွ ဇီဇာေၾကာင္တဲ႔ ကယ္ဗင္ဟာ ဒီကိစၥဟာ သူ စိတ္မူမမွန္ဘူး၊ စိတ္္ကေယာင္ေျခာက္ျခားျဖစ္လုိ႔ ဒီလုုိ ျမင္ေနရတယ္ ထင္ၿပီး စိတ္ေရာဂါပါရဂူေတြနဲ႔ေတာင္ ေတြ႔ရိွၿပီး ကုသမႈေတြ ဘာေတြေတာင္ ျပဳလုပ္ခဲ႔ပါတယ္။
အမွန္တကယ္က အဲဒီေကာင္မေလးဟာ တကယ္အျပင္မွာ တကယ္ရိွေနတာပါ ။ အဲဒီေကာင္မေလးဟာ ရူဘီ လုိ႔ ေခၚပါတယ္။ သူ ဘယ္ကေနထြက္လာသလဲ ဆုိရင္
ကယ္ဗင္ေရးေနတဲ႔ ၀တၳဳဇာတ္လမ္းထဲက ထြက္ရိွလာခဲ႔တာပါ။ အဲဒါကုိ ကယ္ဗင္ဟာ လုံး၀မသိခဲ႔ပါဘူး ။ ရူဘီ ရဲ႕ မ်က္ႏွာကုိလည္း သူ ေသေသခ်ာခ်ာ မသိေသးပါဘူး။ အိပ္မက္လား တကယ္လား ေပါ႔ ။
ဒါေပမယ္႔ ကယ္ဗင္ဟာ ရူဘီ႔ကုိ စတင္ခ်စ္ႀကိဳက္မိေနပါၿပီ။ သူ ေရးေနတဲ႔ ၀တၳဳထဲက မိန္းကေလးကုိ သူ သေဘာက် ႏွစ္သက္ေနပါၿပီ။
တေန႔ ကယ္ဗင္ဟာ ပန္းျခံထဲမွာ စာဖတ္ေနခဲ႔ပါတယ္။ သူ႔ အခ်စ္ေတာ္ေခြးေလးလည္း ပါလာခဲ႔ပါတယ္ ။ အဲဒီမွာ မိန္းကေလးတစ္ေယာက္က အဲဒီေခြးေလးကုုိ သေဘာက်လုိ႔ အဲဒီေခြးေလးကုိ ပုံတူ ပန္းခ်ီဆြဲခြင္႔ေပးပါလား ဆုိၿပီး ကယ္ဗင္ကုုိ ေျပာပါတယ္။
အဲဒီ မိန္းကေလးဟာ ရူဘီ ပါ ။ ဒါေပမယ္႔ ကယ္ဗင္ဟာ အဲဒီမိန္းကေလးကုိ ရူဘီ လုိ႔ မသိပါဘူး။ သာမာန္ပန္းခ်ီဆရာမေလး တစ္ေယာက္ထင္ေနခဲ႔ပါတယ္ ။
အဲဒီေနာက္မွာ ကယ္ဗင္ဟာ ရူဘီ နဲ႔ ခြဲခြာခဲ႔ၿပီး အိမ္ျပန္လာခဲ႔ပါတယ္ ။ သူ႔အိမ္ကုိေရာက္ၿပီး သူ႔ရဲ႕ လက္ႏွိပ္စက္နဲ႔ ေရးလက္စ၀တၳဳကုိ ဆက္ေရးေနခဲ႔ပါတယ္ ။ အဲဒီေန႔ညမွာ ကယ္ဗင္ဟာ စာေရးရင္းနဲ႔ပဲ အိပ္ေပ်ာ္သြားခဲ႔ပါတယ္။
သူ မနက္ႏိႈးလာတဲ႔အခါမွာ သူ႔ရဲ႕ အိမ္ေအာက္ထပ္မွာ ခ်က္ျပဳတ္ေနတဲ႔ ရူဘီ သူ ေတြ႕ရိွသြားခဲ႔ပါတယ္။ အင္မတန္ျပာေတာက္သြားၿပီး “ဒါက အမွန္တကယ္ျဖစ္ရပ္မဟုတ္ဘူး၊ ဒါ တကယ္မဟုတ္ဘူး”ဆိုၿပီး ေအာ္ဟစ္ေနခဲ႔ပါတယ္။
သူ ရူးေနၿပီဆိုတာ ေသခ်ာတယ္ ဘာညာေပါ႔ ။ ဒါေပမယ္႔ ရူဘီဟာ တကယ္ရိွေနခဲ႔ပါတယ္ ။ ကယ္ဗင္ဟာ ရူဘီကုိ သူ တစ္ေယာက္တည္း ျမင္ေနရတယ္ လုိ႔ပဲ ထင္ေနခဲ႔ပါတယ္။
ဒါေပမယ္႔ အဲဒီအထင္မွားယြင္းေၾကာင္းကုိ ကယ္ဗင္ဟာ တေနရာမွာ သိလိုက္ရပါတယ္ ။
ကယ္ဗင္႔ရဲ႕ စာဖတ္ပရိသတ္မိန္းကေလးတစ္ဦးနဲ႔ Date လုပ္ေနတဲ႔ လက္ဖက္ရည္၀ိုင္းကုိ ရူဘီ က ေရာက္လာခဲ႔ပါတယ္ ။ အဲဒီမွာ ရူဘီဟာ ကယ္ဗင္ Date လုပ္ေနတဲ႔ ေကာင္မေလးကုိ ရန္ရွာပါေတာ႔တယ္။
Date လုပ္ေနတဲ႔ တစ္ဖက္က ေကာင္မေလးဟာ စိတ္ဆိုးၿပီး ထြက္သြားပါတယ္။ အဲဒါနဲ႔ ေဘးက ျဖတ္ေလွ်ာက္သြားတဲ႔လူကုိ လက္ဆြဲၿပီး ခင္ဗ်ား သူ႔ကုိျမင္ရလား လုိ႔ ေမးတဲ႔အခါမွာ ရူဘီက သူ႕ကုိ စားပြဲေပၚမွာရိွတဲ႔ ေရနဲ႔ေကာက္ပက္လိုက္ပါတယ္။
ကယ္ဗင္ သိလိုက္ပါၿပီ ရူဘီဟာ အမွန္တကယ္ မိန္းကေလးတစ္ေယာက္ျဖစ္ေၾကာင္းကုိေပါ႔။
အစကတည္းက ကယ္ဗင္ဟာ ၀တၳဳထဲက ရူဘီကုိ ခ်စ္ျမတ္ႏုိးေနတာနဲ႔ အခုအျပင္ေလာကမွာ ရူဘီ တစ္ေယာက္ေပၚလာတာနဲ႔ ကယ္ဗင္နဲ႔ ရူဘီဟာ တစ္ေယာက္ကုိ တစ္ေယာက္ အရမ္းခ်စ္ၾကတဲ႔ ခ်စ္သူေတြ ျဖစ္သြားၾကပါေတာ႔တယ္။
ကယ္ဗင္ဟာ သူ႕မွာ ခ်စ္သူတစ္ေယာက္ရေနၿပီျဖစ္ေၾကာင္း၊ ဟုိုတုန္းက ျမင္ေနခဲ႔တဲ႔ ေကာင္မေလးက သူ႕၀တၳဳထဲက ဇာတ္ေကာင္ ရူဘီျဖစ္ေၾကာင္း ကုိ သူ႕ရဲ႕ အစ္ကုိျဖစ္သူဆီ လွမ္းၾကြားပါတယ္။
သူ႕ရဲ႕ အစ္ကုိကလည္း ကယ္ဗင္ရဲ႕ စိတ္ေရာဂါကုိ သိသူတစ္ေယာက္ဆိုေတာ႔ မယုံပါဘူး။ ငါ႔ကုိ မေနာက္ပါနဲ႔ကြာ ဘာညာေပါ႔ ။ အဲဒါနဲ႔ ကယ္ဗင္ရဲ႕ အကိုဟာ ကယ္ဗင္ရဲ႕ အိမ္ကုိ ေရာက္ရိွလာခဲ႔ပါတယ္။
အိမ္ေရာက္ေတာ႔ သူ႔ အကုိဟာ ရူဘီကုိ ေတြ႕တဲ႔အခါမွာ အင္မတန္အံ႔ၾသသြားပါတယ္။ သူ မယုံၾကည္တာ တစ္ခုရိွပါေသးတယ္။ ရူဘီဟာ ၀တၳဳထဲက အျပင္ထြက္လာတဲ႔ေကာင္မေလးတစ္ေယာက္ဆိုတာကိုပါ။
ဒီအေၾကာင္းကုိ သက္ေသျပဖုိ႔ ကယ္ဗင္ဟာ သူ႕အကုိရဲ႕ ေရွ႕မွာပဲလက္ႏွိပ္စက္နဲ႔ သူေရးလက္စ ၀တၳဳမွာ “ရူဘီဟာ ျပင္သစ္စကားကုိ ေကာင္းေကာင္းေျပာႏိုင္တယ္” ဆုိၿပီး ေရးလိုက္ပါတယ္။
အစက ျပင္သစ္စကားကုိ မေျပာတတ္တဲ႔ ရူဘီဟာ ျပင္သစ္သီခ်င္းေတြဆို ျပင္သစ္စကားေတြ ေကာက္ခါငင္ကာ ထေျပာမွ သူ႕ အကုိျဖစ္သူဟာ ဒီကိစၥကုိ အင္မတန္အံ႔ၾသသြားၿပီး လက္လည္းလက္ခံသြားခဲ႔ပါတယ္။ရူဘီ ကုိ သူလုိသလုိ ဖန္ဆင္းျပဳျပင္လုိ႔ ကယ္ဗင္သိသြားၿပီးေနာက္မွာ ရူဘီကုိ သူ ဘာေတြ ဆက္လက္ျပဳျပင္မလည္း၊ ဘယ္လုိေတြ ျပဳလုပ္မလည္း ဆိုတာကုိ ဇာတ္ကားထဲမွာ ၾကည္႔ရမွာျဖစ္ပါတယ္။
“ရူဘီဟာ ေဒါသထြက္တတ္တဲ႔ မိန္းကေလးတစ္ေယာက္ျဖစ္သည္” လုိ႔ ေရးလုိက္တဲ႔အခါ ေဒါသအလွ်င္အျမန္ထြက္တတ္တဲ႔ ရူဘီခ်က္ခ်င္းျဖစ္သြားသလုိ
“ရူဘီဟာ အင္မတန္အားငယ္တတ္ၿပီး မိမိခ်စ္သူကုိ အားကိုးေသာ မိန္းကေလးတစ္ေယာက္ျဖစ္သည္”လုိ႔ ေရးလိုက္တဲ႔အခါ ကယ္ဗင္အနားမွာ တစ္စကၠန္႔မွ ခြဲမသြားေတာ႔ပဲ အျမဲကပ္ေနတဲ႔ ကပ္ပါးေကာင္မေလးတစ္ေယာက္ ခ်က္ခ်င္းျဖစ္သြားပါတယ္။
အဲဒီလုိ ကယ္ဗင္ လုိသလုိပုံသြင္းလုိ႔ရတဲ႔ ရူဘီကေတာ႔ သူ႔ကိုယ္သူ ၀တၳဳထဲက ဇာတ္ေကာင္တစ္ေယာက္ျဖစ္ေနမွန္းကုိ မသိရွာပါဘူး။ သူ႔ကိုယ္သူ တကယ္႔အစစ္အမွန္လုိ႔ပဲ ထင္ေနခဲ႔ပါတယ္။
အဲဒီေနာက္မွာ ကယ္ဗင္ဟာ ရူဘီကို ဘယ္လုိ ညႊန္ၾကားခ်က္ေတြေပးမလဲ၊ ဘာေတြကုိ ဘယ္လုိ သူ႕လက္ႏိွပ္စက္ေလးရိုက္ၿပီး ရူဘီကုိ ဖန္ဆင္းမလဲ ၊
ရူဘီဟာ သူ႕ကိုယ္သူ အစစ္အမွန္မဟုတ္ဘူး သူဟာ အတုအေယာင္တစ္ခုျဖစ္ေနတဲ႔အခါ လုိ႔ သိသြားတဲ႔အခါမွာ ကယ္ဗင္နဲ႔ ရူဘီ တုိ႔ရဲ႕ Relationship ဟာ ဘာေတြဆက္ျဖစ္လာမလဲ ဆုိတာကိုေတာ႔ ဇာတ္ကားကို ၾကည္႔ရႈ႕မွ အရသာရိွေစဖု႔ိ ေျပာမျပေတာ႔ပါဘူး။Cast ေတြအေနနဲ႔ ကယ္ဗင္ အျဖစ္ Paul Dano ၊ ရူဘီ အျဖစ္ Zoe Kazan ပါ၀င္ပါတယ္။ ဒါရိုက္တာေတြကေတာ႔ Jonathan Dayton နဲ႔ Valerie Faris တုိ႔ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကုိ ေရးသူကေတာ႔ ရူဘီ အျဖစ္ သရုပ္ေဆာင္တဲ႔ Zoe Kazan ျဖစ္ပါတယ္။
တကယ္႔အျပင္မွာလည္း Paul Dano နဲ႔ Zoe Kazan တို႔ကလည္း Partner တုိ႔ျဖစ္ပါတယ္ ။
ေမွာ္ဆန္တဲ႔ အျဖစ္အပ်က္ဆိုေပမယ္႔ ရိုးရိုးသာမာန္အခ်စ္ဇာတ္ကားေလးတစ္ကားအျဖစ္ရိုက္ကူးထားတာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္။
IMDb 7.2 ရိွတဲ႔ ဒီရုပ္ရွင္ဟာ ေပါ႔ေပါ႔ပါးပါးေလးနဲ႔ ရသမ်ိဳးစုံေပးႏိုင္တဲ႔ ရုပ္ရွင္ကားေလးတစ္ကားျဖစ္ပါတယ္ ။ ထြက္ရိွထားတာ ၾကာၿပီဆုိေပမယ္႔ ၾကည္႔ေပ်ာ္တဲ႔ ဇာတ္ကားတစ္ခုအျဖစ္ ညႊန္းလိုက္ပါရေစ ။

စာတန္းထုိး ဘာသာျပန္ Original Uploader Channel Myanmar အားေလးစားလ်ွက္။

...........................................................................

#Unicode

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Ruby Sparks"ပါ။

အကယ်၍ ကျနော်တို့ တပါးသူတစ်စုံတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျ ဖန်ဆင်းပုံဖော်လို့ရတဲ့ အခြေအနေတစ်ခုကို ရောက်သွားကြပြီ ဆိုပါစို့ဗျ။
အဲဒီ ဖန်ဆင်းခံရမယ့်သူက ကိုယ့်ရဲ့ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ဆိုရင်ရော….သူ့ကို ဘာတွေ ဘယ်လို စိတ်ကူးယဉ်ပြီး ပုံဖော်မလဲ ။
တော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းမှာပါ ။ သူ့ကို ကိုယ်လိုသလို ဖန်ဆင်းနိုင်မယ် တော်တော်ပျော်စရာကောင်းမယ်လို့ ထင်မိပါတယ်။
ဥပမာ အနေနဲ့ ကိုယ်ဖန်ဆင်းလိုက်တဲ့ ချစ်သူတစ်ယောက်ကို …အကြာကြီးစိတ်မကောက်ရ တို့၊ မကြာခဏ သတိရပေးပါ တို့ ၊ အကြင်နာတွေအများကြီး ခြွေပေးပါတို့ …. စသဖြင့် ထည့်ပေးလိုက်မယ်ဆိုရင်
Very Romantic ပေါ့ ^_^ ။ ဟုတ်ကဲ့ ။ အဲဒီလို အခြေအနေကို စိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားရှိပါတယ် ။
ဇာတ်ကားရဲ့ နာမည်ကတော့ Ruby Sparks ပဲ ဖြစ်ပါတယ် ။ဇာတ်လမ်းလေးကတော့ –
ကယ်ဗင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ စာရေးဆရာတစ်ယောက်ပါ ။ သူ ရေးတဲ့ ၀တ္ထုတွေက အင်မတန်လူကြိုက်များပါတယ်။
ဒါပေမယ့် သူဟာ စာရေးဆရာတစ်ယောက်ပီပီ အင်မတန်စိတ်ကူးယဉ်တတ်ပါတယ်။ တစ်ယောက်တည်းလည်း တစ်ယောက်တည်းသမား။ ဇီဇာလည်း အတော်ကြောင်တဲ့လူတစ်ယောက်ပါ။
နောက်ပြီး သူဟာ Romantic ဆန်သူတစ်ယောက်။
သူဟာ Romantic ဆန်ပေမယ့်လည်း သူ့မှာ ချစ်သူ တစ်ယောက်မှ မရှိပါဘူး ။ သူဟာ သူ့စိတ်ကူးနဲ့ပဲ ချစ်သူတစ်ယောက်ကို ပုံဖော်ပြီး သူ့ ၀တ္ထုထဲမှာ ထည့်ရေးပါတယ်။
အဲဒီမှာ ပြဿနာစတတ်တော့တာပါပဲ။ အဲဒါကတော့ – ကယ်ဗင်ဟာ အိပ်မက်လိုလို အပြင်မှာဖြစ်နေသလိုလို အဖြစ်နဲ့ကြုံတွေ့တော့တာပါပဲ။ အဲဒါက ဘာလဲဆိုတော့ ။
ကောင်မလေးတစ်ယောက်ဟာ သူ့အိမ်ထဲမှာ ရောက်နေတယ်။ သူ ဘေးနားမှာ ရောက်နေတယ်လို့ ခဏ ခဏ သူ တွေ့လာခဲ့ရပါတယ်။
နဂိုကမှ ဇီဇာကြောင်တဲ့ ကယ်ဗင်ဟာ ဒီကိစ္စဟာ သူ စိတ်မူမမှန်ဘူး၊ စိတ််ကယောင်ခြောက်ခြားဖြစ်လို့ ဒီလုုိ မြင်နေရတယ် ထင်ပြီး စိတ်ရောဂါပါရဂူတွေနဲ့တောင် တွေ့ရှိပြီး ကုသမှုတွေ ဘာတွေတောင် ပြုလုပ်ခဲ့ပါတယ်။
အမှန်တကယ်က အဲဒီကောင်မလေးဟာ တကယ်အပြင်မှာ တကယ်ရှိနေတာပါ ။ အဲဒီကောင်မလေးဟာ ရူဘီ လို့ ခေါ်ပါတယ်။ သူ ဘယ်ကနေထွက်လာသလဲ ဆိုရင်
ကယ်ဗင်ရေးနေတဲ့ ၀တ္ထုဇာတ်လမ်းထဲက ထွက်ရှိလာခဲ့တာပါ။ အဲဒါကို ကယ်ဗင်ဟာ လုံးဝမသိခဲ့ပါဘူး ။ ရူဘီ ရဲ့ မျက်နှာကိုလည်း သူ သေသေချာချာ မသိသေးပါဘူး။ အိပ်မက်လား တကယ်လား ပေါ့ ။
ဒါပေမယ့် ကယ်ဗင်ဟာ ရူဘီ့ကို စတင်ချစ်ကြိုက်မိနေပါပြီ။ သူ ရေးနေတဲ့ ၀တ္ထုထဲက မိန်းကလေးကို သူ သဘောကျ နှစ်သက်နေပါပြီ။
တနေ့ ကယ်ဗင်ဟာ ပန်းခြံထဲမှာ စာဖတ်နေခဲ့ပါတယ်။ သူ့ အချစ်တော်ခွေးလေးလည်း ပါလာခဲ့ပါတယ် ။ အဲဒီမှာ မိန်းကလေးတစ်ယောက်က အဲဒီခွေးလေးကုုိ သဘောကျလို့ အဲဒီခွေးလေးကို ပုံတူ ပန်းချီဆွဲခွင့်ပေးပါလား ဆိုပြီး ကယ်ဗင်ကုုိ ပြောပါတယ်။
အဲဒီ မိန်းကလေးဟာ ရူဘီ ပါ ။ ဒါပေမယ့် ကယ်ဗင်ဟာ အဲဒီမိန်းကလေးကို ရူဘီ လို့ မသိပါဘူး။ သာမာန်ပန်းချီဆရာမလေး တစ်ယောက်ထင်နေခဲ့ပါတယ် ။
အဲဒီနောက်မှာ ကယ်ဗင်ဟာ ရူဘီ နဲ့ ခွဲခွာခဲ့ပြီး အိမ်ပြန်လာခဲ့ပါတယ် ။ သူ့အိမ်ကိုရောက်ပြီး သူ့ရဲ့ လက်နှိပ်စက်နဲ့ ရေးလက်စဝတ္ထုကို ဆက်ရေးနေခဲ့ပါတယ် ။ အဲဒီနေ့ညမှာ ကယ်ဗင်ဟာ စာရေးရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့ပါတယ်။
သူ မနက်နှိုးလာတဲ့အခါမှာ သူ့ရဲ့ အိမ်အောက်ထပ်မှာ ချက်ပြုတ်နေတဲ့ ရူဘီ သူ တွေ့ရှိသွားခဲ့ပါတယ်။ အင်မတန်ပြာတောက်သွားပြီး “ဒါက အမှန်တကယ်ဖြစ်ရပ်မဟုတ်ဘူး၊ ဒါ တကယ်မဟုတ်ဘူး”ဆိုပြီး အော်ဟစ်နေခဲ့ပါတယ်။
သူ ရူးနေပြီဆိုတာ သေချာတယ် ဘာညာပေါ့ ။ ဒါပေမယ့် ရူဘီဟာ တကယ်ရှိနေခဲ့ပါတယ် ။ ကယ်ဗင်ဟာ ရူဘီကို သူ တစ်ယောက်တည်း မြင်နေရတယ် လို့ပဲ ထင်နေခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအထင်မှားယွင်းကြောင်းကို ကယ်ဗင်ဟာ တနေရာမှာ သိလိုက်ရပါတယ် ။
ကယ်ဗင့်ရဲ့ စာဖတ်ပရိသတ်မိန်းကလေးတစ်ဦးနဲ့ Date လုပ်နေတဲ့ လက်ဖက်ရည်ဝိုင်းကို ရူဘီ က ရောက်လာခဲ့ပါတယ် ။ အဲဒီမှာ ရူဘီဟာ ကယ်ဗင် Date လုပ်နေတဲ့ ကောင်မလေးကို ရန်ရှာပါတော့တယ်။
Date လုပ်နေတဲ့ တစ်ဖက်က ကောင်မလေးဟာ စိတ်ဆိုးပြီး ထွက်သွားပါတယ်။ အဲဒါနဲ့ ဘေးက ဖြတ်လျှောက်သွားတဲ့လူကို လက်ဆွဲပြီး ခင်ဗျား သူ့ကိုမြင်ရလား လို့ မေးတဲ့အခါမှာ ရူဘီက သူ့ကို စားပွဲပေါ်မှာရှိတဲ့ ရေနဲ့ကောက်ပက်လိုက်ပါတယ်။
ကယ်ဗင် သိလိုက်ပါပြီ ရူဘီဟာ အမှန်တကယ် မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းကိုပေါ့။
အစကတည်းက ကယ်ဗင်ဟာ ၀တ္ထုထဲက ရူဘီကို ချစ်မြတ်နိုးနေတာနဲ့ အခုအပြင်လောကမှာ ရူဘီ တစ်ယောက်ပေါ်လာတာနဲ့ ကယ်ဗင်နဲ့ ရူဘီဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူတွေ ဖြစ်သွားကြပါတော့တယ်။
ကယ်ဗင်ဟာ သူ့မှာ ချစ်သူတစ်ယောက်ရနေပြီဖြစ်ကြောင်း၊ ဟိုုတုန်းက မြင်နေခဲ့တဲ့ ကောင်မလေးက သူ့ဝတ္ထုထဲက ဇာတ်ကောင် ရူဘီဖြစ်ကြောင်း ကို သူ့ရဲ့ အစ်ကိုဖြစ်သူဆီ လှမ်းကြွားပါတယ်။
သူ့ရဲ့ အစ်ကိုကလည်း ကယ်ဗင်ရဲ့ စိတ်ရောဂါကို သိသူတစ်ယောက်ဆိုတော့ မယုံပါဘူး။ ငါ့ကို မနောက်ပါနဲ့ကွာ ဘာညာပေါ့ ။ အဲဒါနဲ့ ကယ်ဗင်ရဲ့ အကိုဟာ ကယ်ဗင်ရဲ့ အိမ်ကို ရောက်ရှိလာခဲ့ပါတယ်။
အိမ်ရောက်တော့ သူ့ အကိုဟာ ရူဘီကို တွေ့တဲ့အခါမှာ အင်မတန်အံ့သြသွားပါတယ်။ သူ မယုံကြည်တာ တစ်ခုရှိပါသေးတယ်။ ရူဘီဟာ ၀တ္ထုထဲက အပြင်ထွက်လာတဲ့ကောင်မလေးတစ်ယောက်ဆိုတာကိုပါ။
ဒီအကြောင်းကို သက်သေပြဖို့ ကယ်ဗင်ဟာ သူ့အကိုရဲ့ ရှေ့မှာပဲလက်နှိပ်စက်နဲ့ သူရေးလက်စ ၀တ္ထုမှာ “ရူဘီဟာ ပြင်သစ်စကားကို ကောင်းကောင်းပြောနိုင်တယ်” ဆိုပြီး ရေးလိုက်ပါတယ်။
အစက ပြင်သစ်စကားကို မပြောတတ်တဲ့ ရူဘီဟာ ပြင်သစ်သီချင်းတွေဆို ပြင်သစ်စကားတွေ ကောက်ခါငင်ကာ ထပြောမှ သူ့ အကိုဖြစ်သူဟာ ဒီကိစ္စကို အင်မတန်အံ့သြသွားပြီး လက်လည်းလက်ခံသွားခဲ့ပါတယ်။ရူဘီ ကို သူလိုသလို ဖန်ဆင်းပြုပြင်လို့ ကယ်ဗင်သိသွားပြီးနောက်မှာ ရူဘီကို သူ ဘာတွေ ဆက်လက်ပြုပြင်မလည်း၊ ဘယ်လိုတွေ ပြုလုပ်မလည်း ဆိုတာကို ဇာတ်ကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။
“ရူဘီဟာ ဒေါသထွက်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည်” လို့ ရေးလိုက်တဲ့အခါ ဒေါသအလျှင်အမြန်ထွက်တတ်တဲ့ ရူဘီချက်ချင်းဖြစ်သွားသလို
“ရူဘီဟာ အင်မတန်အားငယ်တတ်ပြီး မိမိချစ်သူကို အားကိုးသော မိန်းကလေးတစ်ယောက်ဖြစ်သည်”လို့ ရေးလိုက်တဲ့အခါ ကယ်ဗင်အနားမှာ တစ်စက္ကန့်မှ ခွဲမသွားတော့ပဲ အမြဲကပ်နေတဲ့ ကပ်ပါးကောင်မလေးတစ်ယောက် ချက်ချင်းဖြစ်သွားပါတယ်။
အဲဒီလို ကယ်ဗင် လိုသလိုပုံသွင်းလို့ရတဲ့ ရူဘီကတော့ သူ့ကိုယ်သူ ၀တ္ထုထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်နေမှန်းကို မသိရှာပါဘူး။ သူ့ကိုယ်သူ တကယ့်အစစ်အမှန်လို့ပဲ ထင်နေခဲ့ပါတယ်။
အဲဒီနောက်မှာ ကယ်ဗင်ဟာ ရူဘီကို ဘယ်လို ညွှန်ကြားချက်တွေပေးမလဲ၊ ဘာတွေကို ဘယ်လို သူ့လက်နှိပ်စက်လေးရိုက်ပြီး ရူဘီကို ဖန်ဆင်းမလဲ ၊
ရူဘီဟာ သူ့ကိုယ်သူ အစစ်အမှန်မဟုတ်ဘူး သူဟာ အတုအယောင်တစ်ခုဖြစ်နေတဲ့အခါ လို့ သိသွားတဲ့အခါမှာ ကယ်ဗင်နဲ့ ရူဘီ တို့ရဲ့ Relationship ဟာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဇာတ်ကားကို ကြည့်ရှု့မှ အရသာရှိစေဖို့ ပြောမပြတော့ပါဘူး။Cast တွေအနေနဲ့ ကယ်ဗင် အဖြစ် Paul Dano ၊ ရူဘီ အဖြစ် Zoe Kazan ပါ၀င်ပါတယ်။ ဒါရိုက်တာတွေကတော့ Jonathan Dayton နဲ့ Valerie Faris တို့ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးသူကတော့ ရူဘီ အဖြစ် သရုပ်ဆောင်တဲ့ Zoe Kazan ဖြစ်ပါတယ်။
တကယ့်အပြင်မှာလည်း Paul Dano နဲ့ Zoe Kazan တို့ကလည်း Partner တို့ဖြစ်ပါတယ် ။
မှော်ဆန်တဲ့ အဖြစ်အပျက်ဆိုပေမယ့် ရိုးရိုးသာမာန်အချစ်ဇာတ်ကားလေးတစ်ကားအဖြစ်ရိုက်ကူးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
IMDb 7.2 ရှိတဲ့ ဒီရုပ်ရှင်ဟာ ပေါ့ပေါ့ပါးပါးလေးနဲ့ ရသမျိုးစုံပေးနိုင်တဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ် ။ ထွက်ရှိထားတာ ကြာပြီဆိုပေမယ့် ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအဖြစ် ညွှန်းလိုက်ပါရစေ ။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။