Thursday, October 27, 2016

Heart Attack

ေဒါင္းေလာ့ Link= https://goo.gl/HXsMCl


အခုတင္ေပးလုိက္တ့ဲဇာတ္ကားေလးကေတာ့"Heart Attack"ပါ။
ဒီတစ္ေခါက္ေတာ့ ၂၀၁၅ ခုႏွစ္ကထြက္ရွိထားတဲ့ ထိုင္းဇာတ္ကားေလး ‘Heart Attack’ (‘Freelance’) နဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီဇာတ္ကားကို
ဒါရိုက္တာ Nawapol Thamrongrattanarit က ရိုက္ကူးထားတာျဖစ္ၿပီး Thailand’s 2016 National Film Awards ဆုကိုလည္းရရွိထားပါတယ္။
ဒီဇာတ္ကားေလးဟာ ပညာေပးကစားေလးျဖစ္ၿပီး ဒရာမာဆန္ဆန္ရိုက္ကူးထားတဲ့ကားေလးပါ။ လူရယ္လို႔ျဖစ္လာၿပီဆုိရင္၊ လူ႕အသုိင္းအ၀ုိင္းကိုေရာက္
လာၿပီဆုိရင္ အလုပ္လုပ္ၾကရမွာပါ။ ဒါေပမဲ့ အေတာ္မ်ားမ်ားဟာ အသက္ရွင္ဖို႔အလုပ္လုပ္တာလား၊ အလုပ္လုပ္ဖို႔ အသက္ရွင္တာလားမသဲကြဲၾကပါဘူး။
ေငြေၾကးအတြက္ အသက္ရွင္သူေတြဟာ အလုပ္ကိုဦးစားေပးလြန္းၿပီး မိသားစုဘ၀ေတြ၊ ျပင္ပလူေနမႈစရိုက္ေတြကို စေတးလုိက္ရတာေတြရွိၾကပါတယ္။
အခုဇာတ္ကားေလးကေတာ့ ဒီလိုလူေတြအတြက္ ဘ၀မွာဘယ္လိုရပ္တည္ရမလဲ။ အလုပ္ကိုဦးစားေပးလြန္းရင္ ဘာေတြဆံုးရံႈးသြားရမလဲဆိုတာ
ပညာေပးခဲ့တဲ့ ဇာတ္ကားေလးပါ။
ဒီဇတ္ကားေလးထဲမွာ ယြန္းဟာ အလုပ္ႀကိဳးစားလြန္းတဲ့ graphics designer တစ္ေယာက္ပါ။ အလုပ္လုပ္ရမယ္ဆို ထမင္းေမ့ ဟင္းေမ့
လုပ္တတ္ၿပီး ဘဏ္ကပုိက္ဆံေတြေတာင္သြားမထုတ္ႏုိင္တဲ့အထိ အလုပ္မ်ားသူပါ။ ၅ရက္ေလာက္ထိေတာင္မအိပ္ဘဲ အလုပ္လုပ္တတ္တဲ့ယြန္းကို
အလုပ္ရွင္ေတြသေဘာက်တာမဆန္းပါဘူး။ သူက အလြတ္တန္းတစ္ေယာက္ျဖစ္လို႔ ၀န္ထန္းလုပ္သူေတြထက္ပိုႀကိဳးစားရပါတယ္။ အလုပ္အပ္တဲ့သူေတြ
ေက်နပ္ေအာင္လုပ္ေပးလြန္းတဲ့ယြန္းဟာ မအိပ္မေနအလုပ္လုပ္လြန္းေတာ့ ေနာက္ပိုင္းမွာ ေရာဂါဆန္းတစ္ခုကို ရရွိလာပါေတာ့တယ္။ အဲဒီေနာက္မွာေတာ့
မျဖစ္မေနေဆးရံုသြားရေတာ့မယ့္ယြန္းဟာ ေနာက္ဆံုးမွာေတာ့ ျပည္သူ႕ေဆးရံုက ဆရာမေလး ခၽြန္နီကန္ရဲ႕ အေရျပားေရာဂါ႒ာနမွာ ျပသဖို႔ျဖစ္လာပါ
ေတာ့တယ္။ အလုပ္ကလြဲၿပီးဘာကိုမွစိတ္မ၀င္စားတဲ့ ယြန္းဟာ အလုပ္ပ်က္မွာစိုးလို႔ ဆရာမေလးေပးတဲ့အိပ္ေဆးကိုေတာင္မေသာက္ပါဘူး။ ဒီေတာ့
ေရာဂါကလည္း တစ္ေန႔တစ္ျခားပိုဆိုးလာၿပီး အသက္ကိုေတာင္ဒုကၡေပးႏုိင္တဲ့အေနအထားကိုေရာက္လာပါေတာ့တယ္။ အဲဒီအခ်ိန္မွာေတာ့
ႏွလံုးသားကိုဆဲြကိုင္လႈပ္ေစမယ့္ ဆရာမေလးရဲ႕ စကားတစ္ခြန္းေၾကာင့္ ယြန္းဟာ က်န္းမာေအာင္ေနထုိင္မယ္လို႔ ဆရာမေလးကိုကတိေပးလုိက္ပါေတာ့
တယ္။ အဲဒီကစလို႔ အလုပ္ကိုပစ္ၿပီး လူေနမႈဘ၀ကိုဦးစားေပးလာတယ္။ သူငယ္ခ်င္းေတြနဲ႔ေတြ႕တယ္။ ကမ္းေျခသြားတယ္။ ေပါ့ေပါ့ပါးပါးေနတယ္။
အိပ္ေရး ၀၀အိပ္တယ္။ ဒီလိုနဲ႔ ယြန္းဟာ က်န္းမာတဲ့သူတစ္ေယာက္ျပန္ျဖစ္လာခဲ့ပါတယ္။ အဲဒီမွာ မထင္မွတ္ဘဲခံစားမိတာက ဆရာမေလးကို ရင္ခုန္သြား
ခဲ့တာပါ။ ေရာဂါေပ်ာက္သြားေတာ့ ေဆးရံုလည္းမသြားရ။ ဆရာမေလးနဲ႔လည္းေတြ႕ခ်င္တဲ့အခ်ိန္မွာ ယြန္းဟာ သူငယ္ခ်င္းအႀကံေပးခ်က္အတုိင္း
ေဆးရံုျပန္သြားရဖို႔ မတည့္တာေတြျပန္စားၿပီး ေရာဂါျဖစ္ေအာင္ေနပါေတာ့တယ္။ တစ္ဖက္မွာလည္း ယြန္းအေနနဲ႔ အလုပ္ေတြကိုပစ္ၿပီး
ဆရာမေလးစကားနားေထာင္ေနခ်ိန္မွာ သူ႕အလုပ္ေတြဟာ ဂ်က္ဆိုတဲ့လူငယ္ေလးဆီေရာက္သြားပါတယ္။ အလုပ္ေတြဖိလုပ္ေနတုန္းက လူမႈေရးေခါင္း
ပါးခဲ့တဲ့ယြန္းဟာ လူမႈေရးေတြလုပ္ခ်ိန္မွာေတာ့ အလုပ္မရွိျဖစ္သြားခဲ့ပါၿပီ။ လူေနမႈဘ၀ကို မခ်ိန္ညွိႏုိင္တဲ့ယြန္းဟာ ေရာဂါျပန္ျဖစ္ဖို႔ႀကိဳးစားေနရင္း အရမ္း
တန္ဖိုးရွိတဲ့အလုပ္ကို လက္ခံခဲ့ပါတယ္။ လနဲ႔ခ်ီၿပီးလုပ္ရမယ့္အလုပ္ကို ရက္အနည္းငယ္နဲ႔ၿပီးေအာင္လုပ္ဖို႔လက္ခံခဲ့ၿပီး ၁၂ရက္တိတိမအိပ္ဘဲ အလုပ္လုပ္ပါ
ေတာ့တယ္။ တစ္ဘက္ကလည္း မတည့္တာေတြျပန္စားခ်ိန္၊ တစ္ဘက္ကလည္း အလုပ္ကိုဖိလုပ္ခ်ိန္မွာေတာ့ ယြန္းဟာ ေသလုေမ်ာပါးျဖစ္တဲ့အထိျဖစ္
သြားခဲ့ရပါတယ္။ သူဟာ ဆရာမေလးကိုသတိရတဲ့စိတ္ကိုေဖ်ာက္ဖို႔ အလုပ္ဖိလုပ္ခဲ့တာျဖစ္ၿပီး ေသအံ့ဆဲဆဲအခ်ိန္မွာေတာ့ အလုပ္ေၾကာင့္ မိဘကိုပစ္ထား
ခဲ့မိတာေတြ၊ သူငယ္ခ်င္းေတြနဲ႔ သူစိမ္းဆန္ခဲ့တာေတြ၊ လက္တြဲေဖာ္တစ္ေယာက္ေတာင္မရွိခဲ့တာေတြ၊ သူ႕အေမခိုင္းထားတဲ့ ဓာတ္ပံုေလးျပင္ဖို႔ကိုေတာင္
ပစ္ထားခဲ့မိတာေတြကိုေတြးမိၿပီးေနာင္တရလာပါေတာ့တယ္။ အဲဒီမွာေတာ့ သူဟာ ေဆးရံုကိုတစ္ေက်ာ့ျပန္ေရာက္သြားၿပီး သူ႕ကုိစိတ္ပူတတ္တဲ့
ဆရာမေလးနဲ႔ျပန္ေတြ႕ခ်ိန္မွာေတာ့ ...........။
ဇာတ္ကားေလးရဲ႕ရင္နင့္ဖြယ္ဇာတ္သိမ္းေလးကိုခံစားခ်င္ရင္ေတာ့ ကိုယ္တုိင္ဆက္ၾကည့္ဖို႔ပဲ တုိက္တြန္း ခ်င္ပါတယ္။ ဒီဇာတ္ကားေလးဟာ
ႏွလံုးသားေရးကတစ္ဘက္၊ အလုပ္ကတစ္ဘက္၊ လူမႈေရးကတစ္ဘက္ အားၿပိဳင္တဲ့ဇာတ္ကားမ်ိဳးေလးျဖစ္ၿပီး မင္းသမီး ကလည္း နာမည္ေက်ာ္ Pee Mak
ဇာတ္ကားထဲက မင္းသမီးေခ်ာေလး Davika Hoorne ျဖစ္လို႔ သရုုပ္ေဆာင္မႈပိုင္းမွာလည္း အျပစ္ေျပာစရာမရွိပါဘူး။ ဒီဇာတ္ကားေလးကို
အလုပ္ေၾကာင့္မအားလပ္ဘဲ မိသားစုကိုပစ္တတ္တဲ့လူေတြအတြက္ မိသားစုကိုတန္ဖိုးထားခ်င္စိတ္က္ိုျဖစ္သြားေစမွာျဖစ္ၿပီး၊ အလုပ္
မလုပ္ခ်င္တဲ့သူေတြလည္း ဘ၀အားမာန္ရသြားေစမယ့္ဇာတ္ကားေလးပါ။ ထုိင္းဇာတ္ကားေလးျဖစ္တဲ့အတုိင္း ဟာသေလးေႏွာထားလို႔ မပ်င္းရသလို
ဇာတ္သိမ္းပိုင္းေလးကလည္း မ်က္ရည္စို႔စရာပါ။ ဟာသ၊ သူတ၊ အခ်စ္၊ အလြမ္း၊ ပညာေပး အားလံုးအစံုပါ၀င္လို႔လည္း အေကာင္းဆံုးဆုနဲ႔ထိုက္တန္တယ္
လို႔ေျပာႏုိင္ပါတယ္။ Rating: 8.2 ရွိထားၿပီး ၂နာရီ၀န္းက်င္ရွိတဲ့ဒီဇာတ္ကားေလးကိုၾကည့္လုိက္ရင္ ပရိသတ္ရင္ထဲတစ္ခုခုက်န္သြားမွာျဖစ္လို႔ မျဖစ္မေန
ၾကည့္ဖို႔တိုက္တြန္းခ်င္ပါတယ္။
စာတန္းထုိး ဘာသာျပန္ Original Uploader ေတြအားေလးစားလ်က္။

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Heart Attack"ပါ။

ဒီတစ်ခေါက်တော့ ၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ ထိုင်းဇာတ်ကားလေး ‘Heart Attack’ (‘Freelance’) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို
ဒါရိုက်တာ Nawapol Thamrongrattanarit က ရိုက်ကူးထားတာဖြစ်ပြီး Thailand’s 2016 National Film Awards ဆုကိုလည်းရရှိထားပါတယ်။
ဒီဇာတ်ကားလေးဟာ ပညာပေးကစားလေးဖြစ်ပြီး ဒရာမာဆန်ဆန်ရိုက်ကူးထားတဲ့ကားလေးပါ။ လူရယ်လို့ဖြစ်လာပြီဆိုရင်၊ လူ့အသိုင်းအဝိုင်းကိုရောက်
လာပြီဆိုရင် အလုပ်လုပ်ကြရမှာပါ။ ဒါပေမဲ့ အတော်များများဟာ အသက်ရှင်ဖို့အလုပ်လုပ်တာလား၊ အလုပ်လုပ်ဖို့ အသက်ရှင်တာလားမသဲကွဲကြပါဘူး။
ငွေကြေးအတွက် အသက်ရှင်သူတွေဟာ အလုပ်ကိုဦးစားပေးလွန်းပြီး မိသားစုဘဝတွေ၊ ပြင်ပလူနေမှုစရိုက်တွေကို စတေးလိုက်ရတာတွေရှိကြပါတယ်။
အခုဇာတ်ကားလေးကတော့ ဒီလိုလူတွေအတွက် ဘဝမှာဘယ်လိုရပ်တည်ရမလဲ။ အလုပ်ကိုဦးစားပေးလွန်းရင် ဘာတွေဆုံးရှုံးသွားရမလဲဆိုတာ
ပညာပေးခဲ့တဲ့ ဇာတ်ကားလေးပါ။
 ဒီဇတ်ကားလေးထဲမှာ ယွန်းဟာ အလုပ်ကြိုးစားလွန်းတဲ့ graphics designer တစ်ယောက်ပါ။ အလုပ်လုပ်ရမယ်ဆို ထမင်းမေ့ ဟင်းမေ့
လုပ်တတ်ပြီး ဘဏ်ကပိုက်ဆံတွေတောင်သွားမထုတ်နိုင်တဲ့အထိ အလုပ်များသူပါ။ ၅ရက်လောက်ထိတောင်မအိပ်ဘဲ အလုပ်လုပ်တတ်တဲ့ယွန်းကို
အလုပ်ရှင်တွေသဘောကျတာမဆန်းပါဘူး။ သူက အလွတ်တန်းတစ်ယောက်ဖြစ်လို့ ၀န်ထန်းလုပ်သူတွေထက်ပိုကြိုးစားရပါတယ်။ အလုပ်အပ်တဲ့သူတွေ
ကျေနပ်အောင်လုပ်ပေးလွန်းတဲ့ယွန်းဟာ မအိပ်မနေအလုပ်လုပ်လွန်းတော့ နောက်ပိုင်းမှာ ရောဂါဆန်းတစ်ခုကို ရရှိလာပါတော့တယ်။ အဲဒီနောက်မှာတော့
မဖြစ်မနေဆေးရုံသွားရတော့မယ့်ယွန်းဟာ နောက်ဆုံးမှာတော့ ပြည်သူ့ဆေးရုံက ဆရာမလေး ချွန်နီကန်ရဲ့ အရေပြားရောဂါဋ္ဌာနမှာ ပြသဖို့ဖြစ်လာပါ
တော့တယ်။ အလုပ်ကလွဲပြီးဘာကိုမှစိတ်မဝင်စားတဲ့ ယွန်းဟာ အလုပ်ပျက်မှာစိုးလို့ ဆရာမလေးပေးတဲ့အိပ်ဆေးကိုတောင်မသောက်ပါဘူး။ ဒီတော့
ရောဂါကလည်း တစ်နေ့တစ်ခြားပိုဆိုးလာပြီး အသက်ကိုတောင်ဒုက္ခပေးနိုင်တဲ့အနေအထားကိုရောက်လာပါတော့တယ်။ အဲဒီအချိန်မှာတော့
နှလုံးသားကိုဆွဲကိုင်လှုပ်စေမယ့် ဆရာမလေးရဲ့ စကားတစ်ခွန်းကြောင့် ယွန်းဟာ ကျန်းမာအောင်နေထိုင်မယ်လို့ ဆရာမလေးကိုကတိပေးလိုက်ပါတော့
တယ်။ အဲဒီကစလို့ အလုပ်ကိုပစ်ပြီး လူနေမှုဘဝကိုဦးစားပေးလာတယ်။ သူငယ်ချင်းတွေနဲ့တွေ့တယ်။ ကမ်းခြေသွားတယ်။ ပေါ့ပေါ့ပါးပါးနေတယ်။
အိပ်ရေး ၀၀အိပ်တယ်။ ဒီလိုနဲ့ ယွန်းဟာ ကျန်းမာတဲ့သူတစ်ယောက်ပြန်ဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ မထင်မှတ်ဘဲခံစားမိတာက ဆရာမလေးကို ရင်ခုန်သွား
ခဲ့တာပါ။ ရောဂါပျောက်သွားတော့ ဆေးရုံလည်းမသွားရ။ ဆရာမလေးနဲ့လည်းတွေ့ချင်တဲ့အချိန်မှာ ယွန်းဟာ သူငယ်ချင်းအကြံပေးချက်အတိုင်း
ဆေးရုံပြန်သွားရဖို့ မတည့်တာတွေပြန်စားပြီး ရောဂါဖြစ်အောင်နေပါတော့တယ်။ တစ်ဖက်မှာလည်း ယွန်းအနေနဲ့ အလုပ်တွေကိုပစ်ပြီး
ဆရာမလေးစကားနားထောင်နေချိန်မှာ သူ့အလုပ်တွေဟာ ဂျက်ဆိုတဲ့လူငယ်လေးဆီရောက်သွားပါတယ်။ အလုပ်တွေဖိလုပ်နေတုန်းက လူမှုရေးခေါင်း
ပါးခဲ့တဲ့ယွန်းဟာ လူမှုရေးတွေလုပ်ချိန်မှာတော့ အလုပ်မရှိဖြစ်သွားခဲ့ပါပြီ။ လူနေမှုဘဝကို မချိန်ညှိနိုင်တဲ့ယွန်းဟာ ရောဂါပြန်ဖြစ်ဖို့ကြိုးစားနေရင်း အရမ်း
တန်ဖိုးရှိတဲ့အလုပ်ကို လက်ခံခဲ့ပါတယ်။ လနဲ့ချီပြီးလုပ်ရမယ့်အလုပ်ကို ရက်အနည်းငယ်နဲ့ပြီးအောင်လုပ်ဖို့လက်ခံခဲ့ပြီး ၁၂ရက်တိတိမအိပ်ဘဲ အလုပ်လုပ်ပါ
တော့တယ်။ တစ်ဘက်ကလည်း မတည့်တာတွေပြန်စားချိန်၊ တစ်ဘက်ကလည်း အလုပ်ကိုဖိလုပ်ချိန်မှာတော့ ယွန်းဟာ သေလုမျောပါးဖြစ်တဲ့အထိဖြစ်
သွားခဲ့ရပါတယ်။ သူဟာ ဆရာမလေးကိုသတိရတဲ့စိတ်ကိုဖျောက်ဖို့ အလုပ်ဖိလုပ်ခဲ့တာဖြစ်ပြီး သေအံ့ဆဲဆဲအချိန်မှာတော့ အလုပ်ကြောင့် မိဘကိုပစ်ထား
ခဲ့မိတာတွေ၊ သူငယ်ချင်းတွေနဲ့ သူစိမ်းဆန်ခဲ့တာတွေ၊ လက်တွဲဖော်တစ်ယောက်တောင်မရှိခဲ့တာတွေ၊ သူ့အမေခိုင်းထားတဲ့ ဓာတ်ပုံလေးပြင်ဖို့ကိုတောင်
ပစ်ထားခဲ့မိတာတွေကိုတွေးမိပြီးနောင်တရလာပါတော့တယ်။ အဲဒီမှာတော့ သူဟာ ဆေးရုံကိုတစ်ကျော့ပြန်ရောက်သွားပြီး သူ့ကိုစိတ်ပူတတ်တဲ့
ဆရာမလေးနဲ့ပြန်တွေ့ချိန်မှာတော့ ...........။
 ဇာတ်ကားလေးရဲ့ရင်နင့်ဖွယ်ဇာတ်သိမ်းလေးကိုခံစားချင်ရင်တော့ ကိုယ်တိုင်ဆက်ကြည့်ဖို့ပဲ တိုက်တွန်း ချင်ပါတယ်။ ဒီဇာတ်ကားလေးဟာ
နှလုံးသားရေးကတစ်ဘက်၊ အလုပ်ကတစ်ဘက်၊ လူမှုရေးကတစ်ဘက် အားပြိုင်တဲ့ဇာတ်ကားမျိုးလေးဖြစ်ပြီး မင်းသမီး ကလည်း နာမည်ကျော် Pee Mak
ဇာတ်ကားထဲက မင်းသမီးချောလေး Davika Hoorne ဖြစ်လို့ သရုုပ်ဆောင်မှုပိုင်းမှာလည်း အပြစ်ပြောစရာမရှိပါဘူး။ ဒီဇာတ်ကားလေးကို
အလုပ်ကြောင့်မအားလပ်ဘဲ မိသားစုကိုပစ်တတ်တဲ့လူတွေအတွက် မိသားစုကိုတန်ဖိုးထားချင်စိတ်က်ိုဖြစ်သွားစေမှာဖြစ်ပြီး၊ အလုပ်
မလုပ်ချင်တဲ့သူတွေလည်း ဘဝအားမာန်ရသွားစေမယ့်ဇာတ်ကားလေးပါ။ ထိုင်းဇာတ်ကားလေးဖြစ်တဲ့အတိုင်း ဟာသလေးနှောထားလို့ မပျင်းရသလို
ဇာတ်သိမ်းပိုင်းလေးကလည်း မျက်ရည်စို့စရာပါ။ ဟာသ၊ သူတ၊ အချစ်၊ အလွမ်း၊ ပညာပေး အားလုံးအစုံပါ၀င်လို့လည်း အကောင်းဆုံးဆုနဲ့ထိုက်တန်တယ်
လို့ပြောနိုင်ပါတယ်။ Rating: 8.2 ရှိထားပြီး ၂နာရီဝန်းကျင်ရှိတဲ့ဒီဇာတ်ကားလေးကိုကြည့်လိုက်ရင် ပရိသတ်ရင်ထဲတစ်ခုခုကျန်သွားမှာဖြစ်လို့ မဖြစ်မနေ
ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။