Friday, October 28, 2016

RED


Download Link = https://goo.gl/LUypVQ


အခုတင္ေပးလုိက္တ့ဲဇာတ္ကားေလးကေတာ့"RED"ပါ။

RED ကို ရုပ္ရွင္ခ်စ္သူေတြရဲ႕ ေပတံနဲ႔ မတိုင္းမျဖစ္တုိင္းတာျပရမယ္ဆိုရင္ Imdb rating 7.1 နဲ႔ Rotten Tomatoes 71% အထိ ရရွိထားေၾကာင္းေတြ႕ရပါတယ္။ ဒါ့အျပင္ Best Comedy Awards ကို ဆြတ္ခူးထားေသးတယ္ဆိုေတာ့ အၿမဲ အတည္အခံ့ႀကီး သရုပ္ေဆာင္တတ္တဲ့ Bruce ရဲ႕ Movie က ဘယ္လိုမ်ားရီစရာေကာင္းေနလို႔လဲ ဆိုတာလဲ စိတ္၀င္စားစရာပါပဲ။ ထားပါေတာ့.. ေလာေလာဆယ္မွာ RED ရဲ႕ plot ေလးကို အနည္းငယ္ျမည္းစမ္းၾကည့္ေပးပါခင္ဗ်။
Frank (Bruce Willi) ဟာ.. အၿငိမ္းစား ယူလိုက္ၿပီျဖစ္တဲ့.. Black-ops Agent ေဟာင္းတစ္ဦးျဖစ္ပါတယ္။ တစ္ကိုယ္တည္း အထီးက်န္စြာနဲ႔ ဘ၀ရဲ႕ လက္က်န္အခ်ိန္ေတြကို ေအးေအးေဆးေဆး ျဖတ္သန္းေနတတ္တဲ့ သူ႔အတြက္ အေဖာ္ဆိုလို႔ .. အၿငိမ္းစားပင္စင္ ဌာနက.. Sarah ပဲ ရွိပါတယ္။ အားလပ္ခ်ိန္ေတြတိုင္း Sarah ကို ဖုန္းေခၚရင္း.. စကားစျမည္ေျပာလို႔ အလားတူ တစ္ကိုယ္တည္းသမား ျဖစ္တဲ့ Sarah အတြက္ မေတြ႕ဖူး မျမင္ဖူးတဲ့ Frank ဟာ သူမအတြက္ အစစအရာရာ တိုင္ပင္စရာ. သူမ ရူးသြပ္တဲ့ Spy ၀တၱဳေတြအေၾကာင္း ကို ဒိုင္ခံနားေထာင္ေပးစရာ အေဖာ္မြန္ပါပဲ။ အဲဒီလို သာယာေနတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်ိန္ေလးေတြ ပ်က္စီးသြားခဲ့ ရတာကေတာ့ Agent ေဟာင္းတစ္ဦးျဖစ္တဲ့ Frank ရဲ႕ .. အတိတ္က ရန္သူေတာ္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ Technology ကၽြမ္းက်င္တဲ့ ရန္သူေတြဟာ Frank ရဲ႕ အသက္အႏၱရာယ္ကို သာမက ဘာတစ္ခုမွ သိပ္သိနားလည္ျခင္းမရွိတဲ့ Sarah ဘက္ကိုပါ ျမွားဦးလွည့္လာတဲ့အခါ.. Frank ဟာ Sarah နဲ႔ အတူ ရန္သူေတြကို ေခ်မႈန္းဖို႔ အတြက္ သူ႔ရဲ႕ အတိတ္ကာလ ေတြဆီကို ေျခဦး ျပန္လွည့္ရပါေတာ့တယ္။ အတိတ္က သူနဲ႔ လက္တြဲေဖာ္ လက္တြဲဖက္ သူ႔လို.. ၾကမ္းေပ့ရမ္းေပ့ ဆိုတဲ့ Agent ေဟာင္းေတြကို ျပန္လည္စုစည္းရာက RED ( Retired Extremely Dangerous) ဆိုတဲ့ အႏွစ္သာရ ေပၚလြင္လာတာ ရႈျမင္ခံစားၾကရမွာျဖစ္ပါတယ္။ ေထ့လုံး ျပက္လုံးကေလးေတြနဲ႔ ပရိသတ္မၿငီးေငြ႕ရေအာင္ comedy taste ေလး ေရာထားတာမို႔...  ပရိသတ္ႀကီး စိတ္တိုင္းက်ႏိုင္မယ့္ဇါတ္ကားတစ္ကားျဖစ္ပါေၾကာင္း ေၾကျငာ ေမာင္းခတ္လိုက္ပါတယ္ခင္ဗ်ာ။

စာတန္းထုိး ဘာသာျပန္ Original Uploader ေတြအားေလးစားလ်က္။

...........................................................................

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"RED"ပါ။

RED ကို ရုပ်ရှင်ချစ်သူတွေရဲ့ ပေတံနဲ့ မတိုင်းမဖြစ်တိုင်းတာပြရမယ်ဆိုရင် Imdb rating 7.1 နဲ့ Rotten Tomatoes 71% အထိ ရရှိထားကြောင်းတွေ့ရပါတယ်။ ဒါ့အပြင် Best Comedy Awards ကို ဆွတ်ခူးထားသေးတယ်ဆိုတော့ အမြဲ အတည်အခံ့ကြီး သရုပ်ဆောင်တတ်တဲ့ Bruce ရဲ့ Movie က ဘယ်လိုများရီစရာကောင်းနေလို့လဲ ဆိုတာလဲ စိတ်ဝင်စားစရာပါပဲ။ ထားပါတော့.. လောလောဆယ်မှာ RED ရဲ့ plot လေးကို အနည်းငယ်မြည်းစမ်းကြည့်ပေးပါခင်ဗျ။
Frank (Bruce Willi) ဟာ.. အငြိမ်းစား ယူလိုက်ပြီဖြစ်တဲ့.. Black-ops Agent ဟောင်းတစ်ဦးဖြစ်ပါတယ်။ တစ်ကိုယ်တည်း အထီးကျန်စွာနဲ့ ဘဝရဲ့ လက်ကျန်အချိန်တွေကို အေးအေးဆေးဆေး ဖြတ်သန်းနေတတ်တဲ့ သူ့အတွက် အဖော်ဆိုလို့ .. အငြိမ်းစားပင်စင် ဌာနက.. Sarah ပဲ ရှိပါတယ်။ အားလပ်ချိန်တွေတိုင်း Sarah ကို ဖုန်းခေါ်ရင်း.. စကားစမြည်ပြောလို့ အလားတူ တစ်ကိုယ်တည်းသမား ဖြစ်တဲ့ Sarah အတွက် မတွေ့ဖူး မမြင်ဖူးတဲ့ Frank ဟာ သူမအတွက် အစစအရာရာ တိုင်ပင်စရာ. သူမ ရူးသွပ်တဲ့ Spy ၀တ္တုတွေအကြောင်း ကို ဒိုင်ခံနားထောင်ပေးစရာ အဖော်မွန်ပါပဲ။ အဲဒီလို သာယာနေတဲ့ သူတို့နှစ်ယောက်ရဲ့ အချိန်လေးတွေ ပျက်စီးသွားခဲ့ ရတာကတော့ Agent ဟောင်းတစ်ဦးဖြစ်တဲ့ Frank ရဲ့ .. အတိတ်က ရန်သူတော်တွေကြောင့်ပဲ ဖြစ်ပါတယ်။ Technology ကျွမ်းကျင်တဲ့ ရန်သူတွေဟာ Frank ရဲ့ အသက်အန္တရာယ်ကို သာမက ဘာတစ်ခုမှ သိပ်သိနားလည်ခြင်းမရှိတဲ့ Sarah ဘက်ကိုပါ မြှားဦးလှည့်လာတဲ့အခါ.. Frank ဟာ Sarah နဲ့ အတူ ရန်သူတွေကို ချေမှုန်းဖို့ အတွက် သူ့ရဲ့ အတိတ်ကာလ တွေဆီကို ခြေဦး ပြန်လှည့်ရပါတော့တယ်။ အတိတ်က သူနဲ့ လက်တွဲဖော် လက်တွဲဖက် သူ့လို.. ကြမ်းပေ့ရမ်းပေ့ ဆိုတဲ့ Agent ဟောင်းတွေကို ပြန်လည်စုစည်းရာက RED ( Retired Extremely Dangerous) ဆိုတဲ့ အနှစ်သာရ ပေါ်လွင်လာတာ ရှုမြင်ခံစားကြရမှာဖြစ်ပါတယ်။ ထေ့လုံး ပြက်လုံးကလေးတွေနဲ့ ပရိသတ်မငြီးငွေ့ရအောင် comedy taste လေး ရောထားတာမို့...  ပရိသတ်ကြီး စိတ်တိုင်းကျနိုင်မယ့်ဇါတ်ကားတစ်ကားဖြစ်ပါကြောင်း ကြေငြာ မောင်းခတ်လိုက်ပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။