Sunday, October 30, 2016

Good Bye Singel


Download Link=https://goo.gl/OfblEN


#ZawGyi





...........................................................................

#Unicode

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Good Bye Singel"ပါ။

ဂျိုယွန်းဆိုတာ အောင်မြင်ကြွယ်ဝတဲ့ အပျိုကြီး ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်.။ သူ့ဘဝမှာ ရုပ်ဝတ္တုပစ္စည်းတွေမြောက်များစွာပိုင်ဆိုင်ထားရသော်ငြားလဲ အကြီးမားဆုံးလိုအပ်ချက်တစ်ခုက သူ့ဘဝအတွက် မိသားစုတစ်ခုလိုအပ်နေခြင်းဖြစ်ပါတယ်.။ ဇီဇာကြောင် ငွေကြေးချမ်းသာပြီး အလှဂုဏ်တက်နေတဲ့ ဂျိုယွန်းဟာ ဘဝအတွက် လိုအပ်တဲ့ မိသားစုတစ်ခုကို ဖန်တီးဖို့အတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲ ထူးခြားတဲ့ အစီအစဉ်တစ်ခုကိုရေးဆွဲခဲ့ပါတယ်.။ 
     ဂျိုယွန်းမြင်တဲ့အတိုင်း မိသားစုဆိုတဲ့အရာကို ငွေကြေးတွေ ဂုဏ်အရှိန်အဝါတွေနဲ့ ဖန်တီးနိုင်မလား ? . အပေါ်ရံရွှေမှုန်ကြဲနေသော်လည်း အတွင်းမှာ အထီးကျန်ခေါင်တည်းနေတဲ့ သူ့ဘဝကြီးကို စိုပြေလာအောင် ဖန်တီးပေးနိုင်မယ့် မေတ္တာမိုးတွေ ရွာသွန်းပေးမယ့်သူ ရှိလာပါဦးမလား. ? အသက် ၃၅ နောက်ပိုင်း အပျိုကြီး လူပျိုကြီးတွေရဲ့ အချစ်ဆိုတာကို သတ်မှတ်ချက်က ဘယ်လိုမျိုးလဲ ? စတဲ့ မေးခွန်းတွေနဲ့ နိဒါန်းချီ ကွန့်မြူးထားတဲ့ Korea ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့  ပရိတ်သတ်ကြီး အတွက် မေတ္တာရှေ့ထားလို့တင်ဆက်ပေးလိုက်ရပါတယ်.။


စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။