Monday, October 31, 2016

Ek Thi Daayan (2013) (ျမန္မာစာတန္းထုိး)


Download Link=https://goo.gl/umQRTr


ရုပ္ရွင္ အစ/အဆံုး


#ZawGyi

အခုတင္ေပးလုိက္တ့ဲဇာတ္ကားေလးကေတာ့"Ek Thi Daayan"ပါ။

မဂၤလာပါခင္ဗ်၊ Edward Norton ရဲ႕ Illusionist ကို မွတ္မိၾကဦးမယ္ဆိုရင္.. သူ႔လိုပဲ Illusionist တစ္ေယာက္ရဲ႕ ဘ၀ေနာက္ကြယ္က ပဥၥလက္ဆန္ဆန္အျဖစ္အပ်က္ေတြကို ရိုက္ကူူးထားတဲ့ Ek Thi Daayan ကိုလဲ ႀကိဳက္ႏွစ္သက္ၾကလိမ့္မယ္လို႔ ယူဆမိတဲ့အတြက္ေၾကာင့္ ေရြးခ်ယ္တင္ဆက္ေပးလိုက္ပါတယ္။ Imdb 5.7 rating နဲ႔ ကေလးသရုပ္ေဆာင္ေတြ ဒါရိုက္တာေတြ မင္းသမီးေတြ အကုန္ Nomination ေတြ ရတဲ့အထိ ခရီးေပါက္ခဲ့တဲ့ film တစ္ခု ျဖစ္တဲ့အတြက္ေၾကာင့္...  ကၽြန္ေတာ္တို႔ ျမန္မာနဲ႔ သိပ္မစိမ္းလွတဲ့အေရွ႕တိုင္းမ်က္လွည့္ဆရာတစ္ေယာက္ရဲ႕ ေျခာက္ျခားဖြယ္ အိပ္မက္ဆိုးေတြကို ထိထိမိမိ ခံစားႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ခင္ဗ်။

Bobo ဟာ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ထိပ္တန္းမ်က္လွည့္ဆရာတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ စိတ္အာရုံထဲကို.. ထင္ေယာင္ထင္မွား အာရုံေတြ ပူး၀င္ေနွာင့္ယွက္လာကတည္းက သူ႔ရဲ႕ စင္ျမင့္ေဖ်ာ္ေျဖပြဲေတြမွာ.. အၿမဲလိုလို အခက္အခဲေတြျဖစ္လာရပါေတာ့တယ္။ အဲဒီအတြက္ လူေတြရဲ႕ စိတ္ကုိ လွည့္စားႏိုင္စြမ္းရွိတဲ့ Bobo တစ္ေယာက္ စိတ္ေရာဂါကုထုံးဆရာ၀န္တစ္ေယာက္နဲ႔ ျပန္ၿပီး အကုသခံဖို႔ ျဖစ္လာပါတယ္။ ကုသခ်ိန္ အိပ္ေမြ႕ခ်ေနစဥ္အတြင္းမွာ.. Bobo ဟာ သူ႔ရဲ႕ အတိတ္မွာ ေမ့ေဖ်ာက္ထားခဲ့တာ ၾကာေနၿပီ ျဖစ္တဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕ကို မွတ္မိလာတဲ့အေလ်ာက္ သူ႔ရဲ႕ ငယ္စဥ္ဘ၀က ထိန္းေက်ာင္းေပးခဲ့တဲ့ မိေထြးျဖစ္သူ Diana ကို မုန္းတီးခဲ့မႈေတြ သူ႕ရဲ႕ ခ်စ္လွစြာေသာ ဖခင္ျဖစ္သူနဲ႔ ညီမငယ္တုိ႔ အသက္ဆုံးရႈံးရပုံေတြက စိတ္အာရုံေတြထဲမွာ တေၾကာ႔ ျပန္လည္ႏိုးထလာၾကၿပီ ျဖစ္ပါတယ္။ တုိက္တုိက္ဆိုင္ဆိုင္ Bobo ရဲ႕ ခ်စ္ရသူ Tamra ကေန တဆင့္ Lisa dutt ဆိုတဲ့ မိန္းမလွေလးတစ္ေယာက္ဟာ Bobo ရဲ႕ ပါတ္၀န္းက်င္ထဲမွာ ခ်ဥ္းနင္း၀င္ေရာက္လာခဲ့ပါၿပီ။ Bobo အတြက္ေတာ့ Lisa ရဲ႕ အခ်ိဳ႕ေသာ အျပဳအမူေတြ လုပ္ရပ္ေတြေၾကာင့္ Lisa ဟာ Daayan ( စုန္းအတတ္ေတြကို ေလ့လာလိုက္စားတဲ့သူ ) တစ္ေယာက္ ျဖစ္မယ္လို႔.. သံသယရွိစရာပါပဲ။ တစ္ဖက္ကလဲ Lisa ဟာ..  သူ႔ရဲ႕အတိတ္ကေန လူ၀င္စားတစ္ေယာက္အေနနဲ႔ သူ႔ဆီ ေရာက္ရွိလာတာ လဲ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔.. ထင္ျမင္လာမိတဲ့ေနာက္မွာေတာ့...  Bobo တစ္ေယာက္.. ဒီ Daayan Witch ေတြ နဲ႔ ဘယ္လို ရင္ဆိုင္တိုက္ခိုက္ၾကမလဲ.. ဘယ္လို သူ႔ဘ၀ရဲ႕အိပ္မက္ဆုိးေတြကို ေျခဖ်က္သြားမလဲဆိုတာ..  ဆက္လက္ၾကည့္၇ႈ ခံစားေပးပါလို႔. ညႊန္းဆိုရင္း....

စာတန္းထုိး ဘာသာျပန္ Original Uploader Gold Channel အားေလးစားလ်ွက္။

...........................................................................

#Unicode

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Ek Thi Daayan"ပါ။

မင်္ဂလာပါခင်ဗျ၊ Edward Norton ရဲ့ Illusionist ကို မှတ်မိကြဦးမယ်ဆိုရင်.. သူ့လိုပဲ Illusionist တစ်ယောက်ရဲ့ ဘဝနောက်ကွယ်က ပဥ္စလက်ဆန်ဆန်အဖြစ်အပျက်တွေကို ရိုက်ကူူးထားတဲ့ Ek Thi Daayan ကိုလဲ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယူဆမိတဲ့အတွက်ကြောင့် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ Imdb 5.7 rating နဲ့ ကလေးသရုပ်ဆောင်တွေ ဒါရိုက်တာတွေ မင်းသမီးတွေ အကုန် Nomination တွေ ရတဲ့အထိ ခရီးပေါက်ခဲ့တဲ့ film တစ်ခု ဖြစ်တဲ့အတွက်ကြောင့်...  ကျွန်တော်တို့ မြန်မာနဲ့ သိပ်မစိမ်းလှတဲ့အရှေ့တိုင်းမျက်လှည့်ဆရာတစ်ယောက်ရဲ့ ခြောက်ခြားဖွယ် အိပ်မက်ဆိုးတွေကို ထိထိမိမိ ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။

Bobo ဟာ အောင်မြင်ကျော်ကြားနေတဲ့ ထိပ်တန်းမျက်လှည့်ဆရာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်အာရုံထဲကို.. ထင်ယောင်ထင်မှား အာရုံတွေ ပူးဝင်နှောင့်ယှက်လာကတည်းက သူ့ရဲ့ စင်မြင့်ဖျော်ဖြေပွဲတွေမှာ.. အမြဲလိုလို အခက်အခဲတွေဖြစ်လာရပါတော့တယ်။ အဲဒီအတွက် လူတွေရဲ့ စိတ်ကို လှည့်စားနိုင်စွမ်းရှိတဲ့ Bobo တစ်ယောက် စိတ်ရောဂါကုထုံးဆရာဝန်တစ်ယောက်နဲ့ ပြန်ပြီး အကုသခံဖို့ ဖြစ်လာပါတယ်။ ကုသချိန် အိပ်မွေ့ချနေစဉ်အတွင်းမှာ.. Bobo ဟာ သူ့ရဲ့ အတိတ်မှာ မေ့ဖျောက်ထားခဲ့တာ ကြာနေပြီ ဖြစ်တဲ့ အကြောင်းအရာတစ်ချို့ကို မှတ်မိလာတဲ့အလျောက် သူ့ရဲ့ ငယ်စဉ်ဘဝက ထိန်းကျောင်းပေးခဲ့တဲ့ မိထွေးဖြစ်သူ Diana ကို မုန်းတီးခဲ့မှုတွေ သူ့ရဲ့ ချစ်လှစွာသော ဖခင်ဖြစ်သူနဲ့ ညီမငယ်တို့ အသက်ဆုံးရှုံးရပုံတွေက စိတ်အာရုံတွေထဲမှာ တကြော့ ပြန်လည်နိုးထလာကြပြီ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် Bobo ရဲ့ ချစ်ရသူ Tamra ကနေ တဆင့် Lisa dutt ဆိုတဲ့ မိန်းမလှလေးတစ်ယောက်ဟာ Bobo ရဲ့ ပါတ်ဝန်းကျင်ထဲမှာ ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ Bobo အတွက်တော့ Lisa ရဲ့ အချို့သော အပြုအမူတွေ လုပ်ရပ်တွေကြောင့် Lisa ဟာ Daayan ( စုန်းအတတ်တွေကို လေ့လာလိုက်စားတဲ့သူ ) တစ်ယောက် ဖြစ်မယ်လို့.. သံသယရှိစရာပါပဲ။ တစ်ဖက်ကလဲ Lisa ဟာ..  သူ့ရဲ့အတိတ်ကနေ လူဝင်စားတစ်ယောက်အနေနဲ့ သူ့ဆီ ရောက်ရှိလာတာ လဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့.. ထင်မြင်လာမိတဲ့နောက်မှာတော့...  Bobo တစ်ယောက်.. ဒီ Daayan Witch တွေ နဲ့ ဘယ်လို ရင်ဆိုင်တိုက်ခိုက်ကြမလဲ.. ဘယ်လို သူ့ဘဝရဲ့အိပ်မက်ဆိုးတွေကို ခြေဖျက်သွားမလဲဆိုတာ..  ဆက်လက်ကြည့်ရှု ခံစားပေးပါလို့. ညွှန်းဆိုရင်း....

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။