Sunday, October 30, 2016

Captain Fantastic


Download Link=https://goo.gl/9f6dsp


#ZawGyi

အခုတင္ေပးလုိက္တ့ဲဇာတ္ကားေလးကေတာ့"Captain Fantastic"ပါ။

မဂၤလာပါ ပရိတ္သတ္ႀကီးခင္ဗ်၊ ဘ၀ရဲ႕ အလွည့္အေျပာင္းဆိုတာ အမွတ္မထင္ရင္ မထင္သလို လူကို အငိုက္ဖမ္းၿပီး အရိႈက္ကို ထိုးႏွက္တတ္တာမို႔ ဘယ္လိုအေျခအေနမ်ိဳးမွာမဆုိ ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနေစဖို႔ အတြက္.. ရင္ေသြးငယ္ကေလးေတြေပၚမွာ ကိုယ္ပိုင္အယူအဆေတြနဲ႔ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ ဖခင္တစ္ေယာက္အေၾကာငး္ကို ကၽြန္ေတာ္တို႔ နည္းနည္းေလ့လာၾကည့္ရေအာင္ပါ။
Captain Fatastic ဟာ 2016 July မွာ ထြက္ရိွခဲ့ၿပီး..  Comedy Drama အမ်ိဳးအစား Movie တစ္ခုျဖစ္ပါတယ္။ RoT ( Rotten Tomatoes) မွာ 87% အထိ လူႀကိဳက္မ်ားခဲ့ၿပီး.. Imdb က 8.0 အထိ သတ္မွတ္ေပးထားပါတယ္ခင္ဗ်။ Parenting ကို မိမိကိုယ္ပိုင္စိတ္ကူးနဲ႔ သေဘာေပါက္နားလည္ထားတဲ့ Ben ရဲ႕ ရင္ေသြးေျခာက္ေယာက္အေပၚမွာ.. ဘယ္လိုထိန္းေက်ာင္းသြားခဲ့တယ္ဆိုတာ.. critical thinking ကို ႀကိဳက္ႏွစ္သက္သူမ်ားအတြက္. ေတြးေတာစရာေတြ တပုံႀကီး ခ်န္လွပ္ထားေပးခဲ့မယ့္ ဇါတ္လမ္းတစ္ပုဒ္ျဖစ္ေၾကာင္း ကနဦး မိတ္ဆက္ေပးခ်င္ပါတယ္။ 
Ben တို႔ မိသားစုဟာ.. ၀ါရွင္တန္ျပည္နယ္က ေတာင္တန္းေလးတစ္ခုအတြင္းမွာ.. သားသမီးေတြနဲ႔အတူ ကိုယ့္အရိပ္အၿမဳံေလးနဲ႔ အတူ ေနထိုင္ေနၾကတဲ့ မိသားစုေလးတစ္ခုျဖစ္ပါတယ္။ လူ႔အသိုင္းအ၀ိုင္းရဲ႕ သမရိုးက် အယူအဆေတြကို ဆန္႔က်င္တဲ့ Ben ရဲ႕ ဘ၀ရည္မွန္းခ်က္ဟာ သူ႔ သားသမီးေျခာက္ေယာက္ကို အမ်ားန႔ဲမတူ တမူထူးခၽြန္ေအာင္ ျပဳစုေပးႏိုင္ဖို႔ ထိန္းေက်ာင္းေပးႏုိင္ဖို႔ရယ္လို႔ ရည္မွန္းထားတာေၾကာင့္.. ဆိုခဲ့သလို လူ႔ပါတ္၀န္းက်င္နဲ႔ တသီးတျခားေနထိုင္ေနၾကတာျဖစ္ပါတယ္.။   အရာအားလုံး တသမတ္တည္း မသြားဘူး ဆိုတဲ့ ဆိုရိုးစကားအတိုင္း.. ၾကမၼာဆိုးတစ္ခုက သူတို႔မိသားစုကို ရိုက္ခတ္လာတဲ့အခါ.. Ben တို႔ မိသားစုဟာ.. မျဖစ္မေန သူတို႔ အသိုက္အၿမဳံေလးကိုစြန္႔ခြာဖို႔ အေၾကာင္းဖန္လာပါေတာ့တယ္။ အျပင္ေလာကနဲ႔ ပါတ္သက္ဆက္စပ္ျခင္းမရွိခဲ့ဖူးတဲ့ သားသမီးေျခာကေယာက္နဲ႔ Ben တို႔ ရင္ဆိုင္ၾကရမယ့္အခက္အခဲေတြၾကားမွာ Captain Fantastic ရဲ႕..  ဦးေဆာင္မႈေတြ.. သူ လက္ဆင့္ကမ္းခဲ့တဲ့ အယူအဆေတြနဲ႔ တက္တက္စင္ေအာင္လြဲေနတဲ့ အျပင္ေလာကက တကယ့္ ယုတၱိေဗဒ ေတြကို ရီစရာ ၿပဳံးစရာေလးေတြနဲ႔ ရႈစားၾကရမွာျဖစ္ပါတယ္ခင္ဗ်။ Socialism နဲ႔ Survivalism ကို ေရာေမႊထားတဲ့  Comdey ကား ေကာငး္ေကာင္းေလးတစ္ခုျဖစ္တာမို႔..  ခုေခတ္ နည္းပညာရဲ႕ ဖမ္းစားမႈေတြၾကားမွာ နစ္ေမ်ာေနတဲ့ လူငယ္ေတြ၊ မိမိတုိ႔ရဲ႕ ရင္ေသြးငယ္ေတြကို ျပသသင့္တဲ့ ဇါတ္ကားေလးတစ္ကား ျဖစ္ေၾကာင္း တိုက္တြန္းလိုက္ပါတယ္ခင္ဗ်။

စာတန္းထုိး ဘာသာျပန္ Original Uploader ေတြအားေလးစားလ်က္။

...........................................................................

#Unicode

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Captain Fantastic"ပါ။

မင်္ဂလာပါ ပရိတ်သတ်ကြီးခင်ဗျ၊ ဘဝရဲ့ အလှည့်အပြောင်းဆိုတာ အမှတ်မထင်ရင် မထင်သလို လူကို အငိုက်ဖမ်းပြီး အရှိုက်ကို ထိုးနှက်တတ်တာမို့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေစေဖို့ အတွက်.. ရင်သွေးငယ်ကလေးတွေပေါ်မှာ ကိုယ်ပိုင်အယူအဆတွေနဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဖခင်တစ်ယောက်အကြောငး်ကို ကျွန်တော်တို့ နည်းနည်းလေ့လာကြည့်ရအောင်ပါ။
Captain Fatastic ဟာ 2016 July မှာ ထွက်ရှိခဲ့ပြီး..  Comedy Drama အမျိုးအစား Movie တစ်ခုဖြစ်ပါတယ်။ RoT ( Rotten Tomatoes) မှာ 87% အထိ လူကြိုက်များခဲ့ပြီး.. Imdb က 8.0 အထိ သတ်မှတ်ပေးထားပါတယ်ခင်ဗျ။ Parenting ကို မိမိကိုယ်ပိုင်စိတ်ကူးနဲ့ သဘောပေါက်နားလည်ထားတဲ့ Ben ရဲ့ ရင်သွေးခြောက်ယောက်အပေါ်မှာ.. ဘယ်လိုထိန်းကျောင်းသွားခဲ့တယ်ဆိုတာ.. critical thinking ကို ကြိုက်နှစ်သက်သူများအတွက်. တွေးတောစရာတွေ တပုံကြီး ချန်လှပ်ထားပေးခဲ့မယ့် ဇါတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း ကနဦး မိတ်ဆက်ပေးချင်ပါတယ်။ 
Ben တို့ မိသားစုဟာ.. ၀ါရှင်တန်ပြည်နယ်က တောင်တန်းလေးတစ်ခုအတွင်းမှာ.. သားသမီးတွေနဲ့အတူ ကိုယ့်အရိပ်အမြုံလေးနဲ့ အတူ နေထိုင်နေကြတဲ့ မိသားစုလေးတစ်ခုဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းရဲ့ သမရိုးကျ အယူအဆတွေကို ဆန့်ကျင်တဲ့ Ben ရဲ့ ဘဝရည်မှန်းချက်ဟာ သူ့ သားသမီးခြောက်ယောက်ကို အများနဲ့မတူ တမူထူးချွန်အောင် ပြုစုပေးနိုင်ဖို့ ထိန်းကျောင်းပေးနိုင်ဖို့ရယ်လို့ ရည်မှန်းထားတာကြောင့်.. ဆိုခဲ့သလို လူ့ပါတ်ဝန်းကျင်နဲ့ တသီးတခြားနေထိုင်နေကြတာဖြစ်ပါတယ်.။   အရာအားလုံး တသမတ်တည်း မသွားဘူး ဆိုတဲ့ ဆိုရိုးစကားအတိုင်း.. ကြမ္မာဆိုးတစ်ခုက သူတို့မိသားစုကို ရိုက်ခတ်လာတဲ့အခါ.. Ben တို့ မိသားစုဟာ.. မဖြစ်မနေ သူတို့ အသိုက်အမြုံလေးကိုစွန့်ခွာဖို့ အကြောင်းဖန်လာပါတော့တယ်။ အပြင်လောကနဲ့ ပါတ်သက်ဆက်စပ်ခြင်းမရှိခဲ့ဖူးတဲ့ သားသမီးခြောကယောက်နဲ့ Ben တို့ ရင်ဆိုင်ကြရမယ့်အခက်အခဲတွေကြားမှာ Captain Fantastic ရဲ့..  ဦးဆောင်မှုတွေ.. သူ လက်ဆင့်ကမ်းခဲ့တဲ့ အယူအဆတွေနဲ့ တက်တက်စင်အောင်လွဲနေတဲ့ အပြင်လောကက တကယ့် ယုတ္တိဗေဒ တွေကို ရီစရာ ပြုံးစရာလေးတွေနဲ့ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ Socialism နဲ့ Survivalism ကို ရောမွှေထားတဲ့  Comdey ကား ကောငး်ကောင်းလေးတစ်ခုဖြစ်တာမို့..  ခုခေတ် နည်းပညာရဲ့ ဖမ်းစားမှုတွေကြားမှာ နစ်မျောနေတဲ့ လူငယ်တွေ၊ မိမိတို့ရဲ့ ရင်သွေးငယ်တွေကို ပြသသင့်တဲ့ ဇါတ်ကားလေးတစ်ကား ဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။