Sunday, October 30, 2016

Kickboxer Vengeance


Download Link=https://goo.gl/ewXMq8


ရုပ္ရွင္ အစ/အဆုံး


#ZawGyi

အခုတင္ေပးလုိက္တ့ဲဇာတ္ကားေလးကေတာ့"Kickboxer Vengeance"ပါ။

 ပရိသတ္ ျကီးအတြက္ Kickboxer: Vengeance ဆိုတဲ့ အေမရိကန္အက္ရွင္ကား သစ္ေလး ေရြးခ်ယ္ေဖာ္ျပေပး လုိက္ပါတယ္။ ၁၉၈၉ ေလာက္တုန္းက အက္ရွင္မင္းသား ဗန္ဒမ္းကို နာမည္ေက်ာ္ေစခဲ့တဲ့ Kickboxer ဇာတ္ကားကို ဆန္းသစ္႐ုိက္ကူး ထားတာျဖစ္ၿပီး အဲဒီေခတ္တုန္းက မီခဲ့တဲ့ ပရိသတ္ေတြလည္း ဇာတ္ ကားႏွစ္ခုကို ႏႈိင္းယွဥ္ခံစားၾကည့္ ႏုိင္မွာပါ။အခု ဇာတ္ကားမွာလည္း မင္းသားဗန္ဒမ္းပါ၀င္ထားၿပီး ၀ါ ရင့္ ကိုယ္ခံပညာ မာစတာတစ္ ေယာက္ေနရာက ပါ၀င္ သ႐ုပ္ ေဆာင္ထားတာမို႔ ဗန္ဒမ္းကို မ ေတြ႕ရတာၾကာေနတဲ့ ပရိသတ္ ေတြလည္း သေဘာက်မယ္လုိ႔ ထင္ပါတယ္။ကယ္လီဖုိးနီးယားျပည္နယ္ က ကမ္းေျခၿမိဳ႕ေလးျဖစ္တဲ့ ဗင္း နစ္မွာေနထုိင္တဲ့ အဲရစ္နဲ႔ ကက္က လုန္းညီအစ္ကိုဟာ ကိုယ္ခံပညာ ကြၽမ္းက်င္သူေတြျဖစ္ၿပီး တစ္ရက္ မွာေတာ့ အဲရစ္က ကရာေတး ကမၻာ့ခ်န္ပီယံဆုကို ရရွိခဲ့ပါတယ္။ ပဲြစီစဥ္သူေတြက အဲရစ္ကိုထုိင္း ဘက္မွာသြားၿပိဳင္ဖို႔ ေသြးေဆာင္တာကို ကက္က အတန္တန္တားေနတဲ့ၾကားက အဲရစ္ကသြားဖုိ႔ လက္ခံခဲ့ပါတယ္။ထုိင္းကိုေရာက္တဲ့အခါမွာ အဲရစ္နဲ႔ ေမြ႕ထုိင္းခ်န္ပီယံေတာင္ ပိုးတို႔ဟာ တရားမ၀င္ လက္ေ၀ွ႔ပဲြတစ္ခုမွာ ယွဥ္ၿပိဳင္ခဲ့ၾကရာမွာ တုိက္ခိုက္ၾကရင္း အဲရစ္ေသဆုံးသြားခဲ့ပါတယ္။ တရားမ၀င္လက္ေ၀ွ႔ပဲြေတြရဲ႕ ရည္ရြယ္ခ်က္ကိုက အေလာင္းအစားေတြျဖစ္တာမို႔ ၿပိဳင္ပဲြ၀င္ေတြကို အေသထြက္သေဘာမ်ဳိးနဲ႔ က်င္းပၾကရာမွာ အဲရစ္ခံလုိက္ရတာ ျဖစ္ပါတယ္။ အရင္ဇာတ္ကားကို မီတဲ့ပရိသတ္ဆုိရင္ေတာ့ ေတာင္ပိုးဆုိတဲ့ထုိင္း လက္ေ၀ွ႔သမားႀကီးကို မ်က္စိထဲေျပးျမင္မိၾကမွာျဖစ္ၿပီး အျမင္ကတ္စရာ၊ မုန္းစရာေကာင္းတဲ့ ပုံရိပ္ႀကီးကိုပါ တစ္ခါတည္း သတိရမိဦးမွာပါ။အဲဒါနဲ႔ အစ္ကို႔အတြက္ လက္တုံ႔ျပန္ခ်င္တဲ့ ကက္ဟာ သူ႔ အစ္ကိုရဲ႕ ဆရာျဖစ္တဲ့ မာစတာဒူ ရန္းကိုသြားရွာခဲ့ၿပီး ေတာင္ပိုးနဲ႔ လက္ရည္ယွဥ္ႏုိင္ဖုိ႔အတြက္ ႀကိဳး စားခဲ့ပါေတာ့တယ္။ ကက္တစ္ ေယာက္ေရကုန္ေရခန္း ေလ့က်င့္ မႈေတြယူရင္း ေတာင္ပိုးနဲ႔တုိက္ ခိုက္ဖုိ႔အတြက္ ျပင္ဆင္ခဲ့ပါတယ္။ကက္ေနရာမွာ အရင္တုန္း က ဗန္ဒမ္းသ႐ုပ္ေဆာင္ထားတာ နဲ႔ အခုဇာတ္ကားက သ႐ုပ္ေဆာင္ နဲ႔က ပုံစံမတူေပမယ့္လည္း မတူ ညီတဲ့ ရသတစ္ခုစီနဲ႔ ပရိသတ္ကိုဆဲြ ေဆာင္ႏုိင္လိမ့္ဦးမယ္လို႔ ထင္ပါ တယ္။ ေမြ႕ထုိင္းသမားႀကီးေတာင္ ပိုးနဲ႔ ကက္နဲ႔ ထိပ္တုိက္ေတြ႕တဲ့ အခါ ကက္က အလဲထုိးသတ္ႏုိင္ မွာလား။ လက္ေ၀ွ႔ႀကိဳး၀ုိင္းေတြ ေနာက္ကြယ္က အေလာင္းအစား ေတြၾကားမွာ ဘယ္လုိဇာတ္ကြက္ ေတြနဲ႔ အဆုံးသတ္မလဲဆိုတာ ေတာ့ ကိုယ္တုိင္ပဲၾကည့္႐ႈဖို႔ ေဖာ္ ျပလုိက္ပါတယ္။အခု ဇာတ္ကားမွာေတာ့ ကက္အျဖစ္ အလိန္းမူဆီ၊ မာစ တာဒူရန္းအျဖစ္ ဂ်င္းန္ကေလာ့ဒ္ ဗန္ဒမ္း၊ ေတာင္ပိုးအျဖစ္ ေဒ့ဗ္ဘာ တစၥတာ၊ အဲရစ္အျဖစ္ ဒါရန္ရွာ လာဗီစတဲ့ သ႐ုပ္ေဆာင္ေတြပါ၀င္ ထားၾကပါတယ္။ ။

စာတန္းထုိး ဘာသာျပန္ Original Uploader ေတြအားေလးစားလ်က္။

...........................................................................

#Unicode

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Kickboxer Vengeance"ပါ။

 ပရိသတ် ကြီးအတွက် Kickboxer: Vengeance ဆိုတဲ့ အမေရိကန်အက်ရှင်ကား သစ်လေး ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။ ၁၉၈၉ လောက်တုန်းက အက်ရှင်မင်းသား ဗန်ဒမ်းကို နာမည်ကျော်စေခဲ့တဲ့ Kickboxer ဇာတ်ကားကို ဆန်းသစ်ရိုက်ကူး ထားတာဖြစ်ပြီး အဲဒီခေတ်တုန်းက မီခဲ့တဲ့ ပရိသတ်တွေလည်း ဇာတ် ကားနှစ်ခုကို နှိုင်းယှဉ်ခံစားကြည့် နိုင်မှာပါ။အခု ဇာတ်ကားမှာလည်း မင်းသားဗန်ဒမ်းပါ၀င်ထားပြီး ၀ါ ရင့် ကိုယ်ခံပညာ မာစတာတစ် ယောက်နေရာက ပါ၀င် သရုပ် ဆောင်ထားတာမို့ ဗန်ဒမ်းကို မ တွေ့ရတာကြာနေတဲ့ ပရိသတ် တွေလည်း သဘောကျမယ်လို့ ထင်ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ် က ကမ်းခြေမြို့လေးဖြစ်တဲ့ ဗင်း နစ်မှာနေထိုင်တဲ့ အဲရစ်နဲ့ ကက်က လုန်းညီအစ်ကိုဟာ ကိုယ်ခံပညာ ကျွမ်းကျင်သူတွေဖြစ်ပြီး တစ်ရက် မှာတော့ အဲရစ်က ကရာတေး ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ပွဲစီစဉ်သူတွေက အဲရစ်ကိုထိုင်း ဘက်မှာသွားပြိုင်ဖို့ သွေးဆောင်တာကို ကက်က အတန်တန်တားနေတဲ့ကြားက အဲရစ်ကသွားဖို့ လက်ခံခဲ့ပါတယ်။ထိုင်းကိုရောက်တဲ့အခါမှာ အဲရစ်နဲ့ မွေ့ထိုင်းချန်ပီယံတောင် ပိုးတို့ဟာ တရားမဝင် လက်ဝှေ့ပွဲတစ်ခုမှာ ယှဉ်ပြိုင်ခဲ့ကြရာမှာ တိုက်ခိုက်ကြရင်း အဲရစ်သေဆုံးသွားခဲ့ပါတယ်။ တရားမဝင်လက်ဝှေ့ပွဲတွေရဲ့ ရည်ရွယ်ချက်ကိုက အလောင်းအစားတွေဖြစ်တာမို့ ပြိုင်ပွဲဝင်တွေကို အသေထွက်သဘောမျိုးနဲ့ ကျင်းပကြရာမှာ အဲရစ်ခံလိုက်ရတာ ဖြစ်ပါတယ်။ အရင်ဇာတ်ကားကို မီတဲ့ပရိသတ်ဆိုရင်တော့ တောင်ပိုးဆိုတဲ့ထိုင်း လက်ဝှေ့သမားကြီးကို မျက်စိထဲပြေးမြင်မိကြမှာဖြစ်ပြီး အမြင်ကတ်စရာ၊ မုန်းစရာကောင်းတဲ့ ပုံရိပ်ကြီးကိုပါ တစ်ခါတည်း သတိရမိဦးမှာပါ။အဲဒါနဲ့ အစ်ကို့အတွက် လက်တုံ့ပြန်ချင်တဲ့ ကက်ဟာ သူ့ အစ်ကိုရဲ့ ဆရာဖြစ်တဲ့ မာစတာဒူ ရန်းကိုသွားရှာခဲ့ပြီး တောင်ပိုးနဲ့ လက်ရည်ယှဉ်နိုင်ဖို့အတွက် ကြိုး စားခဲ့ပါတော့တယ်။ ကက်တစ် ယောက်ရေကုန်ရေခန်း လေ့ကျင့် မှုတွေယူရင်း တောင်ပိုးနဲ့တိုက် ခိုက်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ကက်နေရာမှာ အရင်တုန်း က ဗန်ဒမ်းသရုပ်ဆောင်ထားတာ နဲ့ အခုဇာတ်ကားက သရုပ်ဆောင် နဲ့က ပုံစံမတူပေမယ့်လည်း မတူ ညီတဲ့ ရသတစ်ခုစီနဲ့ ပရိသတ်ကိုဆွဲ ဆောင်နိုင်လိမ့်ဦးမယ်လို့ ထင်ပါ တယ်။ မွေ့ထိုင်းသမားကြီးတောင် ပိုးနဲ့ ကက်နဲ့ ထိပ်တိုက်တွေ့တဲ့ အခါ ကက်က အလဲထိုးသတ်နိုင် မှာလား။ လက်ဝှေ့ကြိုးဝိုင်းတွေ နောက်ကွယ်က အလောင်းအစား တွေကြားမှာ ဘယ်လိုဇာတ်ကွက် တွေနဲ့ အဆုံးသတ်မလဲဆိုတာ တော့ ကိုယ်တိုင်ပဲကြည့်ရှုဖို့ ဖော် ပြလိုက်ပါတယ်။အခု ဇာတ်ကားမှာတော့ ကက်အဖြစ် အလိန်းမူဆီ၊ မာစ တာဒူရန်းအဖြစ် ဂျင်းန်ကလော့ဒ် ဗန်ဒမ်း၊ တောင်ပိုးအဖြစ် ဒေ့ဗ်ဘာ တစ္စတာ၊ အဲရစ်အဖြစ် ဒါရန်ရှာ လာဗီစတဲ့ သရုပ်ဆောင်တွေပါ၀င် ထားကြပါတယ်။ ။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။