Thursday, November 10, 2016

John Wick (2014) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/12Lal7

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"John Wick"ပါ။

ဒီကားက တော့ ကျွန်တော် ပြောထားသလိုပဲ Keanu Reeves ရဲ့ တကြော့ပြန်ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ 1999 The Matrix ဇာတ်ကားနဲ့ ကမ္ဘာကျော်မင်းသားဖြစ်လာခဲ့တဲ့ Keanu ဒီဇာတ်ကားမှာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။မနှစ်က ထွက်တဲ့ 47 Ronin မှာထဲက ကောင်းပေမယ့် ဇာတ်လမ်က မကောင်းတာကြောင့် လူတွေသိပ်စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့် John Wick ကတော့ ပရိတ်သတ်အားပေးမှုရော၊ ရုပ်ရှင်ဝေဖန်သူတွေရဲ့ အားပေးမှုကိုပါ ရရှိခဲ့ပါတယ်။ဇာတ်လမ်းက တော့ John Wick ရဲ့ မိန်းမက ကင်ဆာရောဂါနဲ့ သေသွားခဲ့ ပြီးနောက်မှာ သူ့အတွက် ခွေးကလေး တစ်ကောင် ချန်ထားခဲ့ပါတယ်။ တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ ချစ်ပါလို့ စာရေးသွားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာမထင်မှတ်ပဲ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီး လိုချင်လို့ ၀င်ခိုးရာကနေ John ရဲ့ ခွေးလေးကို ပါသတ်ပစ်ခဲ့ပါတယ်။အဲ့ဒီနောက် အနားမှာရှိတဲ့ ကားဝပ်ရှော့ (မာဖီးယားနဲ့ပေါင်းလုပ်တဲ့ဝပ်ရှော့) ကို ကား VIN Number နဲ့ အရောင်ပြောင်းပေးဖို့ ယူသွားခဲ့ပါတယ်။ ကားခိုးခဲ့တဲ့ ကောင်လေးက New York က အကြီးဆုံး Russia Mafia ခေါင်းဆောင်ရဲ့ သားဖြစ်ပြီး၊ ဆိုင်ရှင်ကလည်း သူ့အဖေနဲ့ အတူတွဲလုပ်နေသူဖြစ်ပါတယ်။ ဒါပေမယ့် ဆိုင်ရှင်က ကားကို ပြင်ပေးဖို့လက်မခံ ပဲ ကောင်းလေးကို မောင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Mafia ခေါင်းဆောင် Viggo Tarasov က ဆက်သွယ်လာရာမှာ သူ့သားက John Wick ရဲ့ ကားကို ခိုးပြီး သူခွေးလေးကို သတ်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ဒီလိုနဲ့ သူသားပြန်လာတဲ့ အခါကျမှ Viggo က သားကို John Wick ဆိုတာ ဘယ်လိုလူလည်းဆိုတာ ရှင်းပြခဲ့ပါတယ်။ John Wick က တစ်ချိန်တုန်းက သူနဲ့အတူတွဲလုပ်ဖူးတဲ့ ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်ကြောင်း၊ သူ မလုပ်နိုင်တဲ့ အလုပ်ဆိုတာ မရှိဘူးဆိုတဲ့အကြောင်းပြောပါတယ်။ နောက်ဆုံး လွန်ခဲ့တဲ့ ငါးနှစ်က သူဒီ အလုပ်မလုပ်တော့ဘူး သူချစ်တဲ့ မိန်းမနဲ့ တူတူနေတော့မယ်လို့ ပြောလာတော့ Viggo က သူ့ကိုနောက်ဆုံးအနေနဲ့ အလုပ်တစ်ခု လုပ်ပေးရင် သူ့ ကိုပေးထွက်မယ်လို့ ပြောခဲ့ပါတယ်။ သူခိုင်းတဲ့အလုပ်ကလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့အလုပ်ဖြစ်ပြီး John Wick အနေနဲ့ လက်ခံခဲ့ရင် အသက်ရှင် ပြန်လာဖို့မရှိဘူးလို့ တွက်ပြီး ခိုင်းတာ ဖြစ်ပေမယ့် John ကပြီးမြောက်အောင်လုပ်နိုင်ခဲ့သလို၊ Viggo တို့ လက်ရှိ အခြေအနေရောက်နေတာ John Wick ကြောင့်လို့ပြောခဲပါတယ်။ဒါပေမယ့်လည်း သူ့သားကို ကာကွယ်ဖို့အတွက် Viggo က John Wick ကို အသေသတ်ပေးဖို့အတွက် ဒေါ်လာ ၂သန်း နဲ့ Bounty တင်ခဲ့ပါတယ်။ဇာတ်လမ်းက သာမန် Revenge ဇာတ်ကားဖြစ်ပေမယ့် အက်ရှင် အရမ်းကောင်းသလို ဇာတ်ရှိန်အတက်အကျ မှန်တာကြောင့် ပရိတ်သတ် အနေနဲ့ လုံးဝမပျင်းရပါဘူး။ တစ်ကားလုံး စိတ်ဝင်စားဖို့ ကောင်းသလို၊ ခွေးလေးတစ်ကောင်အတွက် လက်စားချေတယ်ဆိုပေမယ့် ဒီ Idea ကို အဓိပ္ပာယ်ရှိရှိ သရုပ်ဖော်သွားပါတယ်။ Trailer ကြည့်တုန်းက အထင်မကြီးထားပေမယ့် ဇာတ်ကား ကတော့ တော်တော်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းထဲက Fight Scene တွေကလည်း သေသေချာချာ ဇာတ်တိုက်ထားသလို၊ Fight Coordinator တွေကလည်း Bourne Ultimatum တို့ 300 တို့က လူတွေဖြစ်တာကြောင့် ချခန်းတွေကလည်း အသက်ဝင်ပါတယ်။Keanu Reeves ကလည်း The Matrix ထဲကအတိုင်း ပဲ တကယ့် ဆရာကျကျ သရုပ်ဆောင်သွားသလို သူ့ရဲ့ ဇာတ်ကောင်ကလည်း Matrix ထဲကလိုပဲ သွေးအေးအေးနဲ့ ဆရာကျကျ ဇာတ်ကောင်မျိုးဖြစ်ပါတယ်။ သူက Mafia လောကမှာ လူတိုင်း ကြောက်ရွံ့ လေးစားရသူတစ်ယောက်ဖြစ်သလို၊ John Wick ဆိုတဲ့ နာမည် ကြားတာနဲ့တင် လူတိုင်း တုန်လှုပ်သွားရလောက်အောင် နာမည်ကြီးလူသတ်သမား တစ်ဦးဖြစ်ပါတယ်။ဒီကားက Equalizer နဲ့ ဇာတ်လမ်းသဘာဝတူပေမယ့် ဒီကားက Fight Scene တွေ Action Scene တွေပိုများပြီး Slow Motion အပေါ် မမှီခိုထားသလို၊ Computer Graphic သိပ်မသုံးထားပါဘူး။ သွေးထွက်တာကအစ Practical Effect တွေဖြစ်ပြီးတော့၊ တကယ့် Stunt သမားတွေသုံးပြီး ရိုက်ထားတာ ဖြစ်ပါတယ်။အရမး်ကောင်းတဲ့ အက်ရှင်ကားဖြစ်ပြီးတော့ No Nudity, No Sex Scene ပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ သွေးထွက်သံယိုများလို့ Rated R ပေးထားတဲ့အတွက် အရမ်းငယ်တဲ့ ကလေးတွေမကြည့်သင့်ပါဘူး။ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်း တစ်ကားဖြစ်ပြီး ရုံမှာ သွားကြည့်သင့်ပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။