Download Link=https://goo.gl/pjOOOq
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Sully"ပါ။
ဒီနေ့အတွက် ကြည့်ဖို့ ညွှန်းပေးချင်တာကတော့ စက်တင်ဘာ ၉ ရက်မှာ ထွက်ရှိထားတဲ့ အမေရိကန်ကိုယ်ရေး အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားဖြစ်တဲ့ Sully ပါပဲ။
အမေရိကန် လေကြောင်း လိုင်းမှ လေယာဉ်အမှတ် (၁၅၄၉) ကြုံခဲ့ရတဲ့ ၂၀၀၉ က အဖြစ်အ ပျက်နဲ့ လေယာဉ်မှူး ကပ္ပတိန် ချက်စလေဆာလီဆယ်လန်ဘာ ဂျာရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ထားတာပါ။
ဒီဇာတ်ကားကို ဝါနာဘရား သားစ်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိတာဖြစ်ပြီး မင်းသားကြီး ကလင့်အိစ်ဝုဒ်က စီစဉ်ရိုက်ကူး ကာ အဓိကသရုပ်ဆောင် ကပ္ပတိန်ဆာလီနေရာက မင်းသားကြီး တော်မ်ဟန့်စ်နဲ့အတူ အေရွန် အက်ဟာ့တ်၊ လော်ရာလင်နီ၊ အန်နာဂန်း၊ အော်တမ်ရီဆာ စသူ တွေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
၂၀၀၉ ဇန်နဝါရီ ၁၅ ရက်က အမေရိကန်လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (၁၅၄၉) ဟာ လေယာဉ်မှူး ကပ္ပတိန်ချက်စလေ ဆာလီဆယ်လန်ဘာဂျာနဲ့ အရာရှိဂျက်ဖ်စကီလက်စ်တို့ရဲ့ မောင်းနှင် မှုနဲ့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မြောက်ပိုင်းက လာဂါဒီယာလေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။ ပျံတက်ပြီး သုံးမိနစ် လောက်အကြာမှာပဲ ပြဿနာက စလာပါတော့တယ်။
လေယာဉ်ကြီးဟာ ကနေဒါ ငန်းအုပ်နဲ့တိုက်မိပြီး အင်ဂျင်နှစ် လုံးစလုံး အလုပ်မလုပ်တော့ပါ ဘူး။ အင်ဂျင်တွေက အလုပ် မလုပ်တော့သလို အရေးပေါ်ဆင်းသက်စရာ လေယာဉ်ကွင်းလည်း မရှိတဲ့အခြေအနေမှာ လေယာဉ် မှူးကြီး ဆူလီဟာ ရွေးစရာနည်း လမ်းမရှိတော့ဘဲ ဟက်ဒ်ဆန်မြစ် ထဲကို အရေးပေါ်ဆင်းသက်ဖို့ကို ပဲ ရွေးချယ်ခဲ့ရပါတော့တယ်။
လေယာဉ်ပေါ်မှာပါရှိတဲ့ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း စုစု ပေါင်း ၁၅၅ ယောက် ဘေးမသီ ရန်မခစေဖို့အတွက် ဆူလီဟာ ကြိုးစားပမ်းစားနဲ့ လေယာဉ်ကြီး ကို မြစ်ထဲဆင်းသက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆူလီနဲ့ လက် ထောက်လေယာဉ်မှူး ဂျက်ဖ်တို့ ဟာ လေယာဉ်ပေါ်ပါသူတွေအ ကုန်လုံးကို အသက်အန္တရာယ်ကင်း အောင် ဆင်းသက်ပေးနိုင်ခဲ့ပါ တယ်။
လေယာဉ်အမှတ် (၁၅၄၉)က လေယာဉ်မှူး ကပ္ပတိန်ဆူလီ နှင့်တကွ လေယာဉ်ဝန်ထမ််းတွေ အကုန်လုံး သူရဲကောင်းဆုရခဲ့ကြ ပြီး ကပ္ပတိန်ဆူလီအဖို့တော့ သူ့ရဲ့လုပ်ဆောင်ချက်တွေအတွက် မီဒီယာတွေရဲ့ စိတ်ဝင်စားခြင်းခံရသလို ဝေဖန်ပြောကြားမှုတွေလည်း ခံခဲ့ရပါတယ်။
ဖြစ်ရပ်မှန်အကြောင်းအရာ ကို ဇာတ်အိမ်တည်ရိုက်ကူးထား တာမို့ အဲဒီအခြေအနေကြံုခဲ့ရစဉ် က အဖြစ်အပျက်တွေကို ကွက် ကွက်ကွင်းကွင်း သိမြင်ပြီး ပြေး မလွတ်တဲ့ အသက်ဘေး ကြံုရ တော့မယ့် ခံစားမှု၊ ကြောက်ရွံ့ ထိတ်လန့်မှု၊ စိုးရိမ်မှု၊ ရာနဲ့ချီတဲ့ ခရီးသည်တွေရဲ့ အသက်ကို လက်ထဲရောက်နေချိန်မှာ လေယာဉ် ပေါ်မှာ တာဝန်အရှိဆုံးလူရဲ့ ဆုံး ဖြတ်ချက်နဲ့ တာဝန်ယူမှုတွေကို ကိုယ်တိုင်ခံစားကြည့်ကြပါဦးလို့။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။