Download Link=https://goo.gl/UWYdba
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Devil Wears Prada"ပါ။
ဘဝမှာ အရေးအကြီးဆုံးက အောင်မြင်မှုလား စိတ်ချမ်းသာမှုလား။ အောင်မြင်နေတဲ့သူတိုင်း စိတ်ချမ်းသာရဲ့လား။ စိတ်ချမ်းသာတယ်ဆိုတာကရော အောင်မြင်မှုတစ်ခုလား။ တစ်ခုခုကို ရွေးချယ်ရမယ်ဆိုရင် သင်ဘာကိုရွေးချယ်မှာလဲ။ အဖြေက ကာယကံရှင်ပေါ်မှာ မူတည်နေမှာပါပဲ ဆိုတာကို ဒီရုပ်ရှင်က လှလှပပလေး ပညာပေးသွားပါလိမ့်မယ်။ အောင်မြင်မှုဆိုတာ တစ်ခါတစ်လေမှာ စိတ်ချမ်းသာမှုအတွက် ကျိန်စာတစ်ခုလိုပါပဲ။ အလုပ်မှာ အောင်မြင်လာတာနဲ့ လူတွေဟာ အဲဒီအောင်မြင်မှုအပေါ်မှာ ယစ်မူးလာတတ်ကြတယ်။ မိသားစု၊ မိတ်ဆွေ၊ လက်တွဲဖော် စတဲ့ အရာတွေကို မေ့ပြီး အလုပ်နဲ့အောင်မြင်မှုနောက် ကောက်ကောက်ပါအောင် လိုက်ကြတော့တယ်။ ဒီရုပ်ရှင်မှာ ကမ္ဘာကျော်ဖက်ရှင်မဂ္ဂဇင်းကြီးတစ်စောင်ရဲ့ အယ်ဒီတာချုပ်တစ်ယောက်နဲ့ သူ့လက်ထောက်မိန်းကလေးနှစ်ယောက်တို့ ဖက်ရှင်လောကရဲ့ ထိပ်ဆုံးနေရာကနေ အောင်မြင်မှုနဲ့ ပျော်ရွှင်မှု ဘယ်အရာကို ရွေးချယ်ကြသလဲဆိုတာကို စိတ်ဝင်စားဖွယ် တင်ပြထားပါတယ်။
ဒီနှစ် Harper Bazaar ဖက်ရှင်မဂ္ဂဇင်းကြီးက ရွေးချယ်လိုက်တဲ့ အကောင်းဆုံးဖက်ရှင်ရုပ်ရှင် ၃၀ ထဲမှာ ထိပ်ဆုံးက ပါလာတာကတော့ The Devil wears Prada ပါပဲ။ လူတွေအမြင်မှာ အောင်မြင်မှုတွေနဲ့ ခက်ထန်ကြမ်းတမ်းနေပေမယ့် အတွင်းမှာ ရှုံးနိမ့်ကြေကွဲနေတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ ၀ါရင့်မင်းသမီးကြီး Meryl Streep ဟာ ဒီဇာတ်ကားနဲ့ ၂၀၀၇ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမင်းသမီးဆုကို ဆန်ခါတင်စာရင်းဝင်ခဲ့သေးပါတယ်။ ရိုးသားကြိုးစားပြီး အောင်မြင်မှုထက် စိတ်ချမ်းသာမှုကို ဦးစားပေးတတ်တဲ့ ၀န်ထမ်းမလေးအဖြစ် Anne Hathaway က သွက်လက်စွာ သရုပ်ဆောင်ထားပြန်ပါတယ်။ Snow White and the Huntsman မှာ ညီမတော် ရေခဲဘုရင်မအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emily Blunt ကလည်း ဇာတ်ပို့နေရာက ပါ၀င်ထားပါသေးတယ်။
ကဲ သင်သာ ကမ္ဘာကျော်ဒီဇိုင်နာ ရှန်နယ်လ်ရဲ့ အကျီကို ၀တ်၊ အယ်လ်ဗွီအိတ်လေးလွယ်၊ ပရာဒါးဒေါက်လေးစီးပြီး ကော်ဇောနီလျှောက်လမ်းမှာ တစ်ဦးတည်းလာဖို့ ဖိတ်ကြားခံရမယ့် အဖြစ်နဲ့ ကိုယ်ဝါသနာပါရာ အလုပ်လေးလုပ်ရင်း မိသားစု၊ သူငယ်ချင်းတွေနဲ့ နေရမယ်ဆို ဘယ်အရာကို ရွေးမှာလဲ။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။