Friday, November 11, 2016

The Last Samurai (2003) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/sH0a2f

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Last Samurai"ပါ။

The Last Samurai တဲ့။ဘယ်သူက နောက်ဆုံးကျန်ခဲ့တဲ့ Samurai ဖြစ်မလဲ....။

Samurai ဆိုတဲ့ စကားလုံးကို မြန်မာမှု ပြုလိုက်ရင် အလုပ်အကျွေးပြုသူ ဆိုပြီး အဓိပ္ပါယ် သက်ရောက်တယ် ဆိုပဲ။ဓားကို ဘုရားလို ကိုးကွယ်တဲ့ Samurai တွေအနေနဲ့ သူတို့အလုပ်အကျွေးပြုရမယ့် ဧကရာဇ် အပေါ်မှာ အမြဲ သစ္စာစောင့်ထိန်းရပါတယ်။ဂျပန်တွေရဲ့ သမိုင်းရာဇဝင်မှာ Samurai တွေဆိုတာ ထင်ရှားတဲ့ ဂန္တဝင် အမှတ်တဆိပ်တခုလိုပါပဲ။ဒါပေမယ့် အရှင်သခင်ဧကရာဇ်က သူတို့ကို အလိုမရှိတော့တဲ့ အခါမှာရော ဘာတွေဖြစ်လာမလဲ။

တကယ်လဲ ၁၉ ရာစု ဂျပန်မှာ Meiji Restoration ဆိုတာ ရှိခဲ့ပါတယ်။ဂျပန် ဧကရာဇ် Meiji က ဂျပန်တို့ရဲ့ခေတ်တခေတ်ကို ပြောင်းလဲခဲ့တာပါ။Westernization လို့ ဆိုပြီးတော့ အနောက်နိုင်ငံတွေရဲ့အင်အားကို ယူပြီး နိုင်ငံကိုတည်ဆောက်ခဲ့ပါတယ်။ဗိသုကာပညာ၊လက်နက်အင်အား၊ဝတ်စားဆင်ယင်မှုက အစ အနောက်တိုင်းပုံစံ ကျင့်သုံးလာကြတယ်။ဒီတော့ ပြင်သစ်၊US စတဲ့အနောက်နိုင်ငံတွေက ဂျပန်တို့နဲ့ ကုန်သွယ်ခွင့်စာချုပ် ချုပ်ဆိုနိုင်ဖို့ အသည်းအသန်ကြိုးစားနေတဲ့အချိန်။ဒီအချိန်မှာ Samurai တချို့လဲ ကင်ဒို ကို စွန့်ပြီး သေနတ်ကို ပြောင်းကိုင်နေရပြီ။ဒါပေမယ့် ဧကရာဇ် Meiji ရဲ့ဆရာဖြစ်သူ နန်းတွင်းဝန်ကြီးတဦး ဖြစ်တဲ့ Samurai Katsumoto ကတော့ ပြောင်းလဲဖို့ အချိန်မကျသေးဘူးလို့ ယူဆခဲ့တယ်။ပြီးတော့ ဘုရင်ရဲ့ အကြံပေး Omura ကိုလဲ နန်းတွင်းရဲ့ အာဏာကို ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့အတွက် မနှစ်မြို့ဘူး။Omura ရဲ့စကားကို နားယောင်နေတဲ့ ဘုရင်ကိုလဲ နားချလို့မရတော့ ပုန်ကန်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့် ဧကရာဇ်ရဲ့ သစ္စာခံထားတဲ့အတွက် တိုက်ရိုက် မဆန့်ကျင်ရဲဘူး။ဒီတော့ အနောက်တိုင်းသားတွေ လာဖောက်တဲ့ ရထားလမ်းတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။

ဒီအချိန်မှာ အမေရိကန်မှာ ယစ်ထုပ်ကြီး ဖြစ်ပြီး ဦးတည်ရာမဲ့နေတဲ့ American Civil War နဲ့ Indian Wars စစ်ပြန်ကြီး Captain Nathan Algren တယောက် ဂျပန်ကို ရောက်လာတာပဲ။သူ့မှာလဲ စစ် ကို နာကျဉ်းခဲ့ရတဲ့ စိတ်ခံစားချက်နဲ့လေ။သူ့အလုပ်က ဂျပန် စစ်သားသစ်တွေ ကို သင်တန်းပေးဖို့ပါပဲ။ဒီအလုပ်ကို မလုပ်ချင်ပေမယ့် အထက်အရာရှိရဲ့ စေခိုင်းမှု နဲ့ လိုအပ်နေတဲ့ ပိုက်ဆံကြောင့် အရှေ့တိုင်းကို ရွက်လွှင့်လာတဲ့ သူ့ရဲ့ နေ့ရက်တွေမှာ ဂျပန်တို့ရဲ့ သမိုင်းတခုကို ဖန်တီးခဲ့လိမ့်မယ်လို့ သူမတွေးခဲ့မိတာ အမှန်ပဲ။ဒီလိုနဲ့ သေနတ်တောင် ဖြောင့်အောင် မကိုင်တတ်တဲ့ စစ်သားတွေကို ဦးဆောင်ပြီး Katsumoto ကိုတိုက်ခိုက်ဖို့ အကြောင်းဖန်လာပါတယ်။တိုက်ပွဲမှာရှုံးနိမ့်ပြီး သုံ့ပန့် အဖြစ်အဖမ်းခံရကာ Katsumoto ရဲ့ ဘိုးစဉ်ဘောင်ဆက် အပိုင်စားရထားတဲ့ Samurai ရွာလေးမှာ အချိန်တော်တော်ကြာ ကျင်လည်ခဲ့ရတဲ့အခါ.....။
Samurai တွေရဲ့ ဓလေ့စရိုက်တွေကိုအတွင်းကျကျ လေ့လာမိခဲ့တဲ့ အခါ....။
Katsumoto နဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေ ဖြစ်သွားတဲ့အခါ....။
သူဘယ်သူ့ဘက်က ပါမလဲ..။
အမေရိကန်ကို ပြန်သွားမှာလား။သူသံယောဇဉ်တွယ်ခဲ့တဲ့ Samurai ရွာလေးကို ကာကွယ်မှာလား..။

Tom Cruise ကို သဘောကျရင်းစွဲ ရှိတဲ့ ကျနော်ကတော့ သူ Captain Algren အဖြစ်သရုပ်ဆောင်သွားတာကို တော်တော်ကြိုက်ပါတယ်။နောက်ထပ်ပြောစရာရှိတာက Samurai Matsumoto အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Ken Watanabe ကိုပါ။ဒီဘဲကြီး သရုပ်ဆောင်ကောင်းချက်ကတော့ ဒီဇာတ်ကားနဲ့ Oscar's Best Supporting Actor Award မှာ Nominated ပါခဲ့တဲ့အထိပဲ။ထူးထူးခြားခြားသတိထားမိတာတော့ သူသရုပ်ဆောင်ခဲ့တဲ့ Tragic Hero ဇာတ်ရုပ်တွေကိုပါ။Letters From Iwo Jima မှာ General Kuribayashi အဖြစ် ပီပြင်ခဲ့တယ်။အခု The Last Samurai မှာတော့ Samurai Katsumoto အဖြစ်....တကယ့်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားတယ်။ပြောဟန်ဆိုဟန်၊လှုပ်ရှားပုံ၊လေယူလေသိမ်းတွေက အစ တကယ့် Samurai တယောက်ကို ကြည့်နေရသလိုပဲ။ ဒီဇာတ်ကားကတော့ ကျနော့်ကို Ken Watanabe ရဲ့ဇာတ်ကားမှန်သမျှ ရှာဖွေကြည့်ဖို့ ဆုံးဖြတ်ပေးလိုက်သလိုပါပဲ။ကျနော် ဒီ ဘဲကြီးရဲ့ ပရိသတ်တယောက် ဖြစ်သွားပြီလေ။
ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Edward Zwick ဆိုတာက ကျနော့်ဖေးဖရိတ် ရုပ်ရှင် Blood Diamond ရဲ့ ဒါရိုက်တာလဲ ဖြစ်နေပြန်တော့ ဒီဇာတ်ကားလေး Oscar ၊ Golden Globe အထိရောက်ခဲ့တာ အဆန်းတော့ မဟုတ်တော့ပါဘူးနော်...:D
ဒီ ရုပ်ရှင်ရဲ့ Ending ကို သဘောကျသလို Katsumoto ရဲ့ ညီမအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်မလေးကိုလဲ တော်တော်သဘောကျပါတယ်....:)
ကဲ....ဘယ်သူက နောက်ဆုံးကျန်ခဲ့တဲ့ Samurai လဲ...။
Nathan Algren လား...ဒါမှ မဟုတ် Lord Katsumoto လား....!!!!

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။