Monday, November 14, 2016

A Man and a Woman (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/FNa7QT

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"A Man and a Woman"ပါ။

Train to busan မင်းသားgong yoo 2016ထွက်ကားသစ်တခုကို တင်ဆက်ပေးလိုက်ပါပြီ။imdb 6.7ရထားတဲ့ဒီကားလေးမှာ
ဆန်မင်းဟာ ဖင်လန်မြို့ကိုလာပြီး ငယ်စဉ်ကတည်းက အထီးကျန်ဆန်အားငယ်တဲ့ဝေဒနာရှင်သား
ကို အဖော်ပြုရင်း ဟန်ဆောင်ကောင်းစွာ နေထိုင်ပါတယ် ဒါပေမယ့် ဆန်မင်းဟာ နှင်းတွေဖုံးလွှမ်းနေတဲ့
ဟယ်စင်းကီးမြို့လေးမှာ အလွန်စိတ်ပျက်စွာ ခံစားပြီး နေနေရတဲ့သူပါ
ကင်ဟွန်းဟာ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိစ္စနဲ့ ဖင်လန်မြို့ကို စေလွှတ်ခြင်းခံရပါတယ်
သူ့မိသားစုဟာလည်း  စိတ်ဓာတ်ကျနေတဲ့ သမီးတယောက်နဲ့ စိတ်တိုင်းမကျတဲ့ ဇနီးကြောင့် ပြည့်စုံတဲ့မိသားစု မဟုတ်ပါဘူး
ဆန်မင်းနဲ့ကင်ဟွန်းဟာ ပထမဆုံးတွေ့ဆုံတဲ့အကြိမ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်
ခရီးတိုလေးတစ်ခု ထွက်ခဲ့ဖြစ်တဲ့အချိန်မှာတော့ သူတို့နစ်ဦးသား တိတ်ဆိတ်နေပေမယ့်လည်း တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က
လုံးဝ နားလည်နေခဲ့ကြပါတယ်
သူတို့ခရီးက ပြန်လာတဲ့လမ်းမှာ နှင်းမုန်တိုင်းကြောင့် ခရီးလမ်းပျက်နေတဲ့အတွက်
သူတို့နှစ်ဦးသား တောထဲက သစ်သားအိမ်လေးထဲမှာ နေခဲ့ရပါတယ်
ထိန်းချုပ်ဖို့ခက်တဲ့ အခြေအနေတွေကြောင့် အတူတူနေခဲ့မိတယ်
ဒါပေမယ့် နောက်တစ်နေ့မှာတော့ ချစ်နေပေမယ့်လည်း ကိုယ်စီမိသားစုတွေ ရှိနေတာကြောင့်
တစ်ယောက်နာမည်တစ်ယောက်မမေးပဲ
သီးခြားလမ်းကိုပဲ လျှောက်ခဲ့ရပါတော့တယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။