Monday, November 14, 2016

Road to Perdition (2002) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/u28ADw

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Road to Perdition"ပါ။

ပျက်သုန်းခြင်းသို့သွားရာလမ်း(သို့) ငရဲလမ်း
Imdb Rating : 7.7/10

နေရာတိုင်းမှာ စည်းဆိုတာရှိပါတယ်။ လူ့စည်း၊ ဘီလူးစည်းလိုမျိုး စည်းတွေဟာ နေရာတိုင်းမှာ ရှိပါတယ်။ အချို့စည်းတွေဟာ တစ်ခါဖောက်ပြီးသွားရင် ပြန်လှည့်ဖို့ရာမရှိပဲ အဆုံးအထိလျှောက်ကြရမှာပါ။ (Once you've crossed that line, there is no way to turn back.)
အချိန်ကတော့ စီးပွားပျက်ကပ်ဆိုက်နေတဲ့ ၁၉၃၀ နှင့် ၄၀ကြားပေါ့။ Mike Sullivan(Tom Hanks)ဟာ လူမိုက်ခေါင်းဆောင်ကြီး John Rooney(Paul Newman)ရဲ့ မွေးစားသားတစ်ယောက်လို ချစ်ခင်ရတဲ့၊ သံယောဇဉ်ရှိရတဲ့၊ လက်ရုံးသဖွယ်အားကိုးရတဲ့ လက်မရွံ့တစ်ယောက်ပေါ့။ Mikeမှာ ဇနီးသည်နှင့် သားနှစ်ယောက်ရှိပြီး ချစ်ခင်နွေးထွေးတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားသလို Johnမှာလည်း အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသား Connor Rooney(Daniel Craig)ရှိပါတယ်။ သာယာအေးချမ်းတဲ့ မိသားစုလေးနှစ်ခုကို ဖျက်ဆီးလိုက်တဲ့ မုန်တိုင်းတစ်ခုကတော့ Connor ရဲ့ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ လှုပ်ရှားရာက ပေါ်ပေါက်လာခဲ့ပါတယ်။ Connorက သူ့လူသတ်မှုရဲ့ မျက်မြင်သက်သေဖြစ်တဲ့ Mikeရဲ့သားအကြီးကောင်ကို သွားဖြောင်ဖို့ကြိုးစားပါတယ်။ ကံဆိုးစွာ အကြီးကောင်မသေပဲ Mikeရဲ့ချစ်ဇနီးနဲ့သားငယ်လေးတို့ သေဆုံးသွားပါတယ်။ အေးချမ်းတဲ့ အသိုက်အမြုံလေး ပျက်စီးသွားပြီးတဲ့နောက်မှာ လက်မရွံ့Mikeနဲ့ သူ့သားအကြီးကောင်တို့ ဘာဆက်လုပ်ကြမလဲ၊ အကြွေးဆိုတာ တင်ပြီးသွားရင်တော့ ရှင်းရတော့မှာပါ။ သူ့ဇနီးနဲ့သားငယ်ရဲ့ အသက်ကြွေးကို သူ့ရဲ့ဆရာလိုမွေးစားအဖေလိုချစ်ခင်ရတဲ့ Johnဆီကနေ ဘယ်လိုပြန်တောင်းမလဲ။ ဖခင်တစ်ယောက်ဖြစ်တဲ့Johnကလည်း ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သူ့သားConnorကို ဘယ်လိုကာကွယ်ပေးမလဲ။ ကြေးစားလူသတ်သမားHarlen Maguire(Jude Law)ကလည်း ဘယ်နေရာကဝင်ပါမလဲဆိုတာ Road to Perdition(2002)ကို ကြည့်ပြီးခံစားလိုက်ပါ။ Director Sam Mendesရဲ့ပုံဖော်မှုနဲ့ Tom Hanks, Paul Newman, Jude Law, Daniel Craigတို့ပါဝင်ပြီး IMDB rating 7.7ရှိတဲ့Road to Perditionဟာ ကျွန်တော်အနှစ်သက်ဆုံး ရုပ်ရှင်တစ်ကားပါ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။