Download Link=https://goo.gl/Y0Qibf
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Spirits' Homecoming"ပါ။
မင်္ဂလာပါ၊ အသစ်ထွက်ရှိလာတဲ့ Movie တွေကို ပရိသတ်ကြီး မျက်ခြည်မပြတ်ရအောင်..... စိတ်ဝင်စားဖွယ်ရာ Korea Drama လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Rating ပိုင်း ကောင်းမွန်တဲ့အပြင်... အသိပညာပိုင်းဆိုင်ရာ လေးတွေ လဲ ပါ၀င်တာကြောင့်.. ရုပ်ရှင်ကားကောင်းတွေရဲ့ စာရင်းထဲ ထည့်သွင်းရမယ့် နောက်တိုး Movie တစ်ခုဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်က.. Director Cho Jung-Rae ဟာ ဒီဇါတ်ကားရဲ့ မတည်ငွေတစ်ဝက်နီးပါးကို... လူမှုအသိစိတ်နဲ့ ထည့်ဝင်ကြတဲ့ ပရိသတ်တွေရဲ့ ရံပုံငွေ နဲ့ ရိုက်ကူးခဲ့တယ်ဆိုတာပါပဲ၊ ဘာကြောင့်များ... ဒီဇါတ်ကား ဖြစ်ပေါ်ဖို့အရေး.. အားတက်သရော လူတွေပါ၀င်ကူညီခဲ့ကြသလဲဆိုတာ.. ပရိသတ်ကြီး ရှုစားကြရမှာဖြစ်ပါတယ်။
စစ်နောက်ခံ ဇါတ်အိမ်ထဲမှာ.. မိန်းကလေးသူငယ်ချင်းနှစ်ယောက်ရဲ့ သံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ခြယ်မှုန်းထားပြီး စစ်ရဲ့စက်ဆုပ်ဖွယ်ကောင်းတဲ့လိင်ကျွန်စနစ်ကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ အသက်၁၄နှစ်လောက်မိန်းကလေးတွေကိုအလိုမတူဘဲသားမယားပြုကျင့်တာမျိုးတွေ၊ သေဆုံးပြီးမကျွတ်လွတ်သေးတဲ့ဝိဉာဉ်တွေကအိမ်ပြန်ပို့ဖို့အကူအညီတောင်းတဲ့သနားစရာဖြစ်ရပ်တွေကို ရင်နင့်ခံစားကြရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း လေးကတော့...ဂျပန်ခေတ်မှာလိင်ကျွန်ပြုခံရတဲ့မိန်းကလေးတွေရဲ့ ဘဝကို ကျောရိုးပြုထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နေလုံးနီနီ ဂျပန်တွေ အာရှကို ကြီးစိုးခဲ့တဲအချိန်မှာ.. Korea ဟာလဲ အလားတူ ဂျပန်တွေလက်အောက်ကို ရောက်ရှိခဲ့ရပါတယ်။ ဂျပန်တွေဟာ Korean အမျိုးသားဆိုရင် စစ်ထဲထည့်၊ အမျိုးသမီးတွေကိုတော့ လိင်ကျွန်အဖြစ် စစ်ကြောင်းထဲခေါ်သွားခံခဲ့ကြရရှာပါတယ်။ Japan တွေ စစ်ရေးအခြေအနေမကောင်းလို့ အားလုံး ဆုတ်ခွာကြရတဲ့အချိန်မှာ..အဆိုပါ မိန်းကလေးတွေကိုနှုတ်ပိတ်တဲ့အနေနဲ့ အဆုံးစီရင်ပစ်ခဲ့ကြပါတယ်။ အသတ်ခံရတဲ့သူတွေရဲ့ မကျွတ်မလွတ်ဝိဉာဉ်တွေဟာ.. . အဲ့ဒီနေရာတဝိုက်မှာ တွယ်ငြိနေခဲ့ကြရာက... ခေတ်အခြေအနေပြန်လည်ကောင်းမွန်လာတဲ့အခါမှာ နတ်ဆရာမလေးတစ်ယောက်ကဝိဉာဉ်တွေရဲ့လိပ်ပြာတွေကိုအိမ်ပြန်ပို့ပေးပို့ ကြိုးစားခဲ့ပါတယ်။အချိုးအကွေ့တစ်ခု အဖြစ်အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ကြတဲ့ မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်ဟာ သက်ရှိထင်ရှားရှိနေသေးတယ် ဆိုတာပါပဲ။ ကံမကောင်းတဲ့ တစ်ယောက်ကတော့... လွတ်မြောက်လာခဲ့ပြီးမှ ဒါဏ်ရာရ ဂျပန်စစ်သားတစ်ယောက်ရဲ့ လက်ချက်နဲ့.... ဆုံးပါးသွားခဲ့ပါတယ်။ ပရလောကသား ၀ိဉာဉ်က အချစ်ဆုံးသူငယ်ချင်းကို... အိမ်ပြန်ပို့ပေးဖို့ အကူညီတောင်းလာတဲ့အခါ.. ရင်နင့်စရာ ဝမ်းနည်းစရာ တွေနဲ့ တန်ဆာဆင်ထားတဲ့ ဇာတ်ကားကောင်းလေးဟာ.. ကြည့်ပြီးရင်ဖြင့် စိတ်ထဲမှာ တစ်ခုခု စွဲထင်ကျန်ရလောက်တဲ့အထိ ဖြစ်စေနိုင်တာမို့ ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းပါရစေခင်ဗျာ။ :D
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။