Download Link=https://goo.gl/9zNM36
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Girl Who Leapt Through Time"ပါ။
ပရိတ်သတ်ကြီး အတွက် ဂျပန် animation ကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ် အားလုံးသိကြတဲ့အတိုင်း ဂျပန် animation လေးတွေဟာ ဝမ်းနည်းစရာ ကြည်နူးစရာ ရီစရာ ရသမျိုးစုံကို ထိထိမိမိပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေးတွေ ဖြစ်ကြပါတယ်
ဒီလို animation ကားကောင်းလေးတွေထဲကမှ အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ကားကတော့ The girl who leapt through time ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၀၆ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး IMDb rate 7.9 ရရှိထားပါတယ် ဂျပန် Box office မှာ ယန်းပေါင်း ၂၆၀ million ဝင်ငွေရရှိခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်
ဇာတ်လမ်းကတော့ Makoto Konno ဆိုတဲ့မိန်းကလေးငယ်လေးတစ်ဦးဟာ တစ်နေ့မှာ အရာဝတ္ထုတစ်ခုပေါ် အမှတ်တမဲ့ ပြုတ်ကျခဲ့ရာကနေ အချိန်တွေကို ခုန်လွှားသွားနိုင်တဲ့အစွမ်းရရှိသွားပါတယ် Makoto ဟာ အစကတော့ ဒီအစွမ်းကို အတန်းနောက်ကျတဲ့အခါတို့ အမှတ်ကောင်းဖို့အတွက် ကာရာအိုကေ အချိန်ခိုးဆိုဖို့အတွက်နဲ့ သူ့သူငယ်ချင်းသူ့ကို ရည်းစားစကားပြောမှာကို ရှောင်လွှဲဖို့လောက်သာ သုံးနေခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့လက်မောင်းမှာ အချိန်တွေကို အရေအတွက်တစ်ခုသာပေးထားပြီး တဖြည်းဖြည်းနဲ့ ခုန်လွှားဖို့အချိန်ကုန်ဆုံးသွားမှာကို သိလိုက်ရတဲ့အခါမှာ သူ့အစွမ်းကို လူတွေအတွက် အကျိုးပြုဖို့ပဲ အသုံးပြုပါတော့တယ် သူ့ရဲ့ နောက်ဆုံးခုန်လွှားဖို့ပဲ အချိန်ကျန်တဲ့အချိန်မှာ သူ့သူငယ်ချင်း Chiaki ဟာ သူ့ကိုအချိန်ခုန်လွှားနေတဲ့အကြောင်းမေးတဲ့အတွက် ဒါကိုကျော်လွှားဖို့ နောက်ဆုံးလက်ကျန်ကို သုံးလိုက်ပါတယ် ဒါပေမယ့် Kosuke လို့ခေါ်တဲ့သူ့သူငယ်ချင်းနဲ့ Kosuke ရဲ့ ရည်းစားဟာ ရထားတစ်စီးနဲ့ accident ဖြစ်တော့မှာကို ကယ်တင်ဖို့ရာအတွက် ခုန်လွှားစရာအချိန်မရှိတော့တဲ့အခါမှာတော့ Makoto တစ်ယောက်ဒီအတိုင်းပဲ ကြည့်နေခဲ့ရပါတော့မယ် ဒါပေမယ့် Chiaki က အချိန်တွေအားလုံးကို ရပ်တန့်လိုက်ပြီး တကယ်တမ်းမှာ သူဟာလည်း အချိန်ခုန်လွှားသူဖြစ်ကြောင်း အနာဂတ်ကလာခဲ့တဲ့သူဖြစ်ကြောင်း အခု အချိန်တွေကို ရပ်တန့်လိုက်တဲ့အတွက် သူ့နဂိုအချိန်ကိုပြန်ရောက်သွားတော့မှာ ဖြစ်ကြောင်းပြောပြီး Chiaki ပျောက်ကွယ်သွားတော့မယ့် အချိန်မှာ Makoto ဘာဆက်လုပ်မလဲ Chiaki ကကော အချိန်တွေကို ရပ်တန့်ပစ်လိုက်တဲ့အတွက် အကျိုးဆက်ကဘာဖြစ်မလဲ Chiaki အတွက် Makoto က အချိန်ထပ်ခုန်လွှားဖို့ ကြိုးစားသွားမလား အချိန်ကာလမတူညီတဲ့ နေရာက သူတို့နှစ်ယောက် ဆုံဆည်းနိုင်မှာလားဆိုတာ ဒီဖာတ်ကားလေးကို အခုပဲကြည့်ရှုခံစားကြည့် ကြရအောင်...
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။